Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နန်ကျောက်သမိုင်း နှင့် ပျူနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခြင်း

ရဲထွန်း(သီပေါ) (NSS) - ဖေဖော်ဝါရီလ ၂၉

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀ဝ လောက်က ပျူနိုင်ငံကို အရှေ့ မြောက်အရပ်မှ လာရောက်တိုက်ခိုက်ကြသူတို့မှာ တရုတ်လူမျိုးများ မဟုတ်ကြပါ။ ယနေ့ တရုတ်ပြည် ယူနန်နယ်မှ နန်ကျောက်တို့ ဖြစ် ကြပါသည်။ နန်ကျောက်နိုင်ငံသည် အေဒီ ၇၃၈ မှ အေဒီ ၉၀၃ ခုနှစ်အထိ နှစ်ပေါင်း ၁၇၀ ကြာမျှ တည်ရှိ ခဲ့ပါသည်။ ထိုစဉ်က နန်ကျောက်ဒေသသည်လည်း တရုတ်နိုင်ငံမဖြစ်သေးပါ။  တရုတ်သမိုင်းပညာရှင်များ၏ ယူဆချက်အရ နန်ကျောက်နိုင်ငံ၏ အုပ်စိုးသူများ မှာ ယီလူမျိုးနှင့် ဘိုင်လူမျိုးများဖြစ်ပြီး၊ အထက်တန်း လွှာများမှာ  တိဗက်တိုဘားမင်း အုပ်စုဝင် နော့ဆိုး ( Nuosu ) သို့မဟုတ် ယီ ဘာသာစကားကို ပြောဆို ကြသည်။ ထိုဘာသာစကားသည် မြောက်ပိုင်းလိုလို ( Loloish language) အနွယ်ဝင်ဖြစ်ပြီး၊ မြန်မာဘာသာစကားနှင့် နီးကပ်သော ဆက်နွှယ်မှုရှိသည်။ 


နန်ကျောက်နိုင်ငံ

   အေဒီ ၂၂၅ ခုနှစ်တွင် စစ်သူကြီး ကျူကဲ့လျန်၏ တောင်ပိုင်းချီစစ်ပွဲအတွင်း ဆွမ့်မိန် ( 爨蠻 ) လူမျိုးစုသည် ကျူကဲ့လျန်ကို ထောက်ခံခြင်းအားဖြင့် အုပ်ချုပ်ရေးအာဏာ ရလာခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့သည် အေဒီ ၅၉၃ ခုနှစ်တွင် စွေးမင်းဆက် ( 隋朝 )ကို ပုန်ကန်ခြားနားသဖြင့် အေဒီ ၆၀၂ ခုနှစ်တွင် စွေးမင်းဆက်၏ တိုက်ခိုက် ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။ ထို့နောက် ဆွမ့် တို့သည် အဖြူနှင့် အမည်းမီးဝါ ( Black and white Mywa) အဖြစ် အုပ်စုနှစ်စုကွဲသွားကြသည်။ မီးဝါဖြူ  (White Mywa) တို့သည် ယနေ့ ဘိုင်လူမျိုးတို့၏ ဘိုးဘေး များဖြစ်ကြသည်ဟု ယူဆကြပြီး၊ ယူနန်အနောက်ပိုင်း အဲ့ဟိုင် ကန်ကြီးတစ်ဝိုက်တွင် နေထိုင်ကြသည်။  မီးဝါမည်း (Black Mywa) တို့သည် ယနေ့ ယိ လူမျိုးတို့၏ ဘိုးဘေးများဖြစ်ကြသည်ဟု ယူဆကြပြီး၊ ယူနန်ပြည်နယ်အရှေ့ပိုင်း တောင်တန်းဒေသတွင် နေထိုင်ကြသည်။ ဤလူမျိုးစုများတွင် မုန်ဆဲ့ Men­gshe (蒙舍)ယမိန်ရှီး Mengxi (蒙嶲)ယလန့်ချုံ Langqiong (浪穹)ယထင်တန် Tengtan (邆賧)ယရှိလန့် Shilang (施浪)ယနှင့် ယွဲ့ရှီး Yuexi  (越析) လူမျိုးအုပ်စုလိုက် စုစည်းနေထိုင်ကြပြီး အုပ်စုတစ်ခုချင်းစီတွင် စောဝ် ဟုခေါ်သည့် အုပ်ချုပ်သူ တစ်ဦးစီရှိလေသည်။ နန်ကျောက်ဘုရင့်နိုင်ငံတွင် ပါဝင်သော လူမျိုးများနှင့် ပတ်သက်ပြီး ပညာရှင်များအကြားတွင် ငြင်းခုန်ဆွေးနွေးမှုများရှိခဲ့ရာ တရုတ်မဟုတ်သောပညာရှင်များက နန်ကျောက်တွင် အဓိက ပါဝင်သောလူမျိုးစုမှာ ထိုင်း မျိုးနွယ်စုဖြစ်သည်ဟု မှတ်ယူကြပြီး၊ ၎င်းတို့သည် နောက်ပိုင်းတွင် ယနေ့ခေတ် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ ရှမ်း ပြည်နယ်ဘက်သို့ ပြောင်းရွှေ့နေ ထိုင်ခဲ့ကြသည်ဟု ယူဆကြပါသည်။ 


အေဒီ ၆၄၉ ခုနှစ်တွင် မုန်ဆဲ့ အုပ်စုခေါင်းဆောင် Xinuluo (細奴邏) ရှင့်နူးလိုသည် (奇嘉王) ချိကျား ဝမ်(ဘုန်းတန်ခိုးကြီးသည့်မင်း)ဟူ သည့် ဘွဲ့အမည်ကိုခံယူကာ တာ့မိန် Great Meng (大蒙)နိုင်ငံကို တည် ထောင်ခဲ့သည်။ သူက ထန်မင်းဆက်၏ လက်အောက်ခံဖြစ်မှုကို အသိအမှတ်ပြုလက်ခံသည်။ အေဒီ ၆၅၂ ခုနှစ်တွင် ရှင့်နူးလိုသည် မီးဝါဖြူ White Mywa တို့၏ဒေသ၊ အဲ့ဟိုင်ကန်ကြီး နှင့် ဆန်းတောင်တန်း (Erhai Lake and Cang Mountain) ကိုအုပ်ချုပ်သည့် ကျန်းလဲ့ကျင်းချိုးကို သိမ်းသွင်းခဲ့ရာ၊ ကျန်းလဲ့ကျင်းချိုးက ၎င်း၏ စိတ်ဆန္ဒဖြင့် ပူးပေါင်းဆောင် ရွက်ခဲ့သည့်အတွက် ငြိမ်းချမ်းစွာ ဖြစ်ပွားခဲ့ပေသည်။ ထို့နောက်ပိုင်းတွင် မီးဝါအမည်းနှင့် အဖြူ Black and White Mywa တို့သည် စစ်သူကြီးများနှင့်ဝန်ကြီးများအဖြစ် ဆောင်ရွက် ကြလေ သည်။ ရှင့်နူးလိုကို ၎င်း၏သား လိုရှင်းယန်က ဆက်ခံ သည်။ လိုရှင်းယန်သည် ချန်အန်းသို့သွားရောက်ပြီး ထန်မင်း ဆက်ထံ လက်ဆောင်ပဏ္ဏာဆက်သခဲ့သည်။ အေဒီ ၇၀၄ ခုနှစ်တွင် တိဗက်အင်ပါယာက မီးဝါဖြူအုပ်စုကို ပဏ္ဏာဆက်နိုင်ငံအဖြစ်သတ်မှတ်ခဲ့သလို မီးဝါမည်းအုပ်စုကို လက်အောက်ခံနိုင်ငံအဖြစ် သိမ်းသွင်းခဲ့သည်။ အေဒီ ၇၁၃ တွင် လိုရှင်းယန်ကို ၎င်း၏သား ရှင်းလို့ဖြီက ဆက်ခံသည်။ အေဒီ ၇၃၃ တွင် ရှင်းလို့ဖြီကို သူ၏သား ဖြီလို့ကော်က ဆက်ခံ လေသည်။ ဖြီလို့ကော်သည် အေဒီ ၇၃၀ ပြည့်နှစ် အစောပိုင်းနှစ်များတွင် သူအုပ်စိုးသည့်နယ်ပယ်ကို ချဲ့ထွင်ခဲ့ရာ ပထမဦးစွာအားဖြင့်  မျက်မမြင်ကျောက် ယွမ်အုပ်ချုပ်သော အိမ်နီးချင်းမုန်းစွေးကို တိုက်ခိုက် သိမ်းပိုက်ခဲ့လေသည်။ ဖြီလို့ကော်သည် ကျောက်ယွမ် ၏သားယွမ်လို့ကို သူ့ဖခင်အား ဆက်ခံသူအဖြစ် လက်ခံကာ မုန်းစွေးကို အားနည်းချည့်နဲ့စေလေ သည်။ ကျောက်ယွမ် လုပ်ကြံခံရပြီးနောက်တွင် ဖြီလို့ ကော်သည် ယွမ်လို့ကို မုန်းစွေးမှ မောင်းထုတ်လိုက်ပြီး နယ်မြေကိုလည်း သိမ်းပိုက်လိုက်လေသည်။ ကျန်ရှိ သောစောဝ်များသည် ဖြီလို့ကော်ကို ဆန့်ကျင်ရန် ပူးပေါင်းလိုက်ကြသည်။ ဖြီလို့ကော်သည် ၎င်းတို့ကို ထန်မင်းဆက်နှင့်မဟာမိတ်မဖွဲ့နိုင်စေရန် နှောင့်ယှက်လေသည်။


အေဒီ ၇၃၃ ခုနှစ်နောက်ပိုင်းတွင် ထန်နန်းတော်မှအရာရှိ ယန်ကျင့်ဟွေးသည် ဖြီလို့ကော် နှင့်ပူးပေါင်းကာ ရှီလန်း “ကျောက်” ကို အောင်မြင်စွာ တိုက်ခိုက်ခဲ့သဖြင့် မုန်းစဲ့အုပ်ချုပ်သူအဖြစ် ဆုလာဘ်ချီးမြှင့်ခြင်း ခံရလေသည်။ 


ရှီးလန်ကိုတိုက်ခိုက်ရာတွင် အခြားသော “ကျောက်” နှစ်ယောက်ဖြစ်သည့် မေလို့ဖြီ အုပ်ချုပ်သော တင်းတန့် နှင့် သိုလော့ဝမ် အုပ်ချုပ်သော လန်ချုံတို့လည်းပါဝင်လာရာ ဖြီလို့ကော်က ဝမ်ယွီကို လာဘ်ထိုးခြင်းဖြင့် အဆိုပါ ပြိုင်ဘက်များကို ချေမှုန်းခဲ့သည်။ ဝမ်ယွီမှာ ကျန့်နန် (ယနေ့ခေတ် စိချွမ်း)၏ စစ်အုပ်ချုပ်ရေးမှူး ဖြစ်ရာ၊ “ကျောက်” ခြောက်နယ်ကို စုစည်းရန်အတွက် သူ့ကို ထန်နန်းတော်က ထောက်ခံ အားပေးသည်ဟု ဝမ်ယွီက မှတ်ယူလာစေရန် အယုံ သွင်းနိုင်ခဲ့လေသည်။ ထို့နောက် ဖြီလို့ကော်သည် တင့်တန်းကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီး၊ မေလို့ဖြီနှင့် ရှိလန်ဒေသကိုအုပ်ချုပ်သည့် ရှီဝမ်ချင်တို့၏ တပ်ဖွဲ့ နှစ်ဖွဲ့လုံးကိုပါ အနိုင်တိုက်ခဲ့လေသည်။ 


  ယွိရှီး အုပ်ချုပ်သူ ပိုချုန်းကို သူ့မိန်းမ၏ ချစ်သူ ကျန်းရွှင်းချိုးက လုပ်ကြံသတ်ဖြတ်လိုက်ပြီး နောက် ထိုဒေသကိုပါ သိမ်းသွင်းလိုက်ပြန်သည်။ ကျန်းရွှင်းချိုးမှာ ထန်နန်းတော်တရားရုံးက ဆင့်ခေါ်ခံရပြီးနောက် သေသည်အထိ ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းခံရလေသည်။ ယွမ်ရှီးဒေသကို ဖြီလို့ကော် သိမ်းပိုက်ပြီးနောက် ပိုချုန်း၏သား ယွီစိန်းသည် ထွက်ပြေးကာ အချိန်အတော်ကြာခုခံတိုက်ခိုက်သည်။ နောက်ဆုံးတွင် ဖြီလို့ကော်၏ သား ကော်လို့ဖုန်းကို ရှုံးနိမ့်ကာ ချန်ကျန်းမြစ်တွင်ရေနစ်သေဆုံးခဲ့သည်။ ဖြီလို့ကော်၏ ဝမ်းကွဲမြေး တော်စပ်သူ တစ်ယောက်သည် သူ၏ပထွေး ကော်လို့ဖုန်း အလွန်ထင်ပေါ် ကျော်ကြားလာခြင်းကို မနာလိုဖြစ်ကာ သူ့ကိုယ်ပိုင်  “ကျောက်” နယ်တစ်ခုကို တိဗက်အင်ပါယာနှင့် မဟာ မိတ်ဖွဲ့ပြီး တည်ထေင်ဖို့ကြံစည်‌စဉ် သတင်းပေါက် ကြားသွားသဖြင့် အသတ်ခံရလေသည်။ 


အေဒီ ၇၃၇ ခုနှစ်တွင် ဖြီလို့ကော်သည်   “ကျောက်” ၆ နယ်ကိုအောင်မြင်စွာစုစည်းနိုင်ခဲ့ပြီး နန် ကျောက် (တောင်ပိုင်းကျောက်) ဟူသော ဘုရင့်အင်ပါ ယာသစ်တစ်ခု တည်ထောင်လိုက်လေသည်။ အေဒီ ၇၃၈ ခုနှစ်တွင် ထန်နန်းတော်သည် ဖြီလို့ကော်အား “ယူနန်မင်းသား”ဘွဲ့ကိုပေးအပ်လေသည်။ အေဒီ ၇၃၉ ခုနှစ်တွင် ဖြီလို့ကော်သည် ထိုက်ဟော် (ယနေ့ခတ် တာ့လီတောင်ဘက် မိုင်အနည်းငယ်အကွာရှိ ထိုက်ဟော့ကျေးရွာ)တွင် နေပြည်တော် အသစ်တည် သည်။ ထိုနေရာသည် အဲဟိုင်ကန်လွင် ပြင်အလယ် တွင် အကောင်းဆုံးနေရာ ဖြစ်သည်။ ထိုနေရာမှ ရန်သူတို့ကို အလွယ်တကူ ခုခံကာကွယ်နိုင်သလို မြေ ဩဇာကြွယ်ဝသော လယ်ယာမြေများ ၏အလယ်တွင် တည်ရှိသည်။ ဖြီလို့ကော်၏ အုပ်ချုပ်မှုအောက်တွင် မီးဝါဖြူ ( White Mywa ) များသည် ယူနန်နယ်အ ရှေ့ပိုင်းမှအနောက်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြလေ သည်။ မီးဝါအဖြူနှင့် အမည်းတို့ သည် ဝန်ကြီးများနှင့် စစ်သူကြီးများအဖြစ် ဇာတ်ခွဲခြားစနစ်ကို ခိုင်မာစွာ ကျင့်သုံးခဲ့ကြသည်။ 


    ဖြီလို့ကော်သည် အေဒီ ၇၄၈ ခုနှစ်တွင် ကွယ်လွန်သွားပြီး သူ့သား ကော်လို့ဖုန်းက ထီးနန်း ဆက်ခံသည်။ အေဒီ ၇၅၀ ပြည့်နှစ်တွင် ယူနန်ပြည် နယ်ဆိုင်ရာ တရုတ်စစ်သူကြီးက နန်ကျောက်သံတ မန်များကို ဓားပြတိုက်ရန် ကြိုးစားသောအခါ ကော်လို့ ဖုန်းက တုံ့ပြန်တိုက်ခိုက်ရာ စစ်သူကြီးသေဆုံးလေ သည်။ ထိုကိစ္စကို လက်တုံ့ပြန် သောအားဖြင့် ကျန့်နန် ဒေသ(ယနေ့ခေတ် စိချွမ်း)၏ ထန်အုပ်ချုပ်ရေးမှူး ရှန်ယွီကျုံးထုန်းက တပ်သား ၈၀ဝဝဝ ပါ စစ်တပ်ဖြင့် နန်ကျောက်ကို အေဒီ ၇၅၁ ခုနှစ်တွင် တိုက်ခိုက်လေ သည်။ သူသည် ရှာကွမ်းဒေသတွင် သွမ့်ကျင် ဝေ့ကို အကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။ အများစုမှာ ရောဂါ ကြောင့် သေဆုံးခြင်းဖြစ်သည်။ 


အေဒီ ၇၅၄ ခုနှစ်တွင် အင်အား ၁၀ဝ,ဝဝဝ ပါသော ထန်တပ်မတော်ကို ဗိုလ်ချုပ်လီမိက ခေါင်းဆောင်ပြီး မြောက်ဘက်အရပ်မှ ချီတက်တိုက်ခိုက် ပြန်သည်။ သို့သော်လည်း မုအဲကော် Mu'ege ကို မကျော်နိုင်ပေ။ 


အေဒီ ၇၅၄ ခုနှစ်ကုန်တွင် ကော်လို့  ဖုန်းသည် ထန်အင်ပိုင်ယာကို ရင်ဆိုင်ရန် တိဗက်တို့ နှင့် မဟာမိတ်ဖွဲ့လေရာ၊  အေဒီ ၇၉၄ အထိသက်တမ်း ရှည်ခဲ့ပါသည်။ ထိုနှစ်ထဲတွင်ပင် နန်ကျောက်သည် ယန်ယွမ်ခရိုင် ဆားထွက်ရာ စိမ့်မြေကို ထိန်းချုပ်နိုင်ခဲ့ သည်။ 


ကော်လို့ဖုန်းသည် တိဗက်ကပေးအပ်သော ဘွဲ့ကိုလက်ခံခဲ့ပြီး တိဗက်အင်ပါယာ၏အစိတ်အပိုင်း တစ်ခု သဖွယ်ပြုမူခဲ့သည်။ သူ့ကိုဆက်ခံသူ ယိမိုရွှင်က လည်း တိဗက်လိုလားသော ပေါ်လစီကို ဆက်လက်ကျင့်သုံး သည်။ အေဒီ ၇၇၉ ခုနှစ်တွင် ယိမိုရွှင်က ထန်မင်းဆက်ကိုတိုက်ခိုက်သည့် တိဗက် တိုက်ခိုက်မှုကြီးတွင် ပါဝင်ခဲ့သည်။ သို့ဖြင့် ထန်မင်းဆက်ကို တိုက်ခိုက်သည့် တိဗက်စစ်ဆင်ရေးဝန်ထုပ်ဝန်ပိုးသည် သူ့အပေါ်ကျ ရောက်လာလေသည်။ အေဒီ ၇၉၄ ခုနှစ် တွင် တိဗက်တို့နှင့်ဆက်ဆံရေး ဆိုးရွားလာပြီး ထန်တို့ ဘက်သို့ ဘက်ပြောင်းခဲ့သည်။ အေဒီ ၇၉၅ ခုနှစ်တွင် ယိမိုရွှင်က ခွန်းမင်ရှိ တိဗက် အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်လေသည်။ ထို့ကြောင့် အေဒီ ၇၉၉ ခုနှစ် တွင် တိဗက်တို့ကလက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ သို့သော် လည်း ထန်နှင့် နန်ကျောက် ပူးပေါင်းတပ်ဖွဲ့ များက ပြန်လည်တွန်းလှန်တိုက်ထုတ်ခြင်းကို ခံရလေသည်။ 


အေဒီ ၈၀၁ ခုနှစ်တွင် နန်ကျောက်နှင့် ထန်တပ်များသည် တိဗက်နှင့် မွတ်စလင်အဘဆစ် ကျေးကျွန်စစ်သား အဖွဲ့တစ်ခုကို အနိုင်တိုက်ခိုက်ခဲ့ လေသည်။ တိဗက်တပ်သား တစ်သောင်းကျော် သေဆုံးပြီး ၆၀ဝ၀ ကျော် အဖမ်းခံရသည်။ နန်ကျောက် သည် တိဗက်မြို့ ၇ မြို့နှင့် ခံတပ်မြို့ ၅ မြို့ကို သိမ်းပိုက်နိုင်ခဲ့လေသည်။ ခံတပ်စခန်း ပေါင်း တစ်ရာကျော်ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါသည်။ ဤတိုက်ပွဲ၏ ရလဒ် က ထန်နှင့်နန်ကျောက်တို့ဘက်သို့ အင်အား ချိန်ခွင် လျှာသာစေခဲ့သည်။ 


ချွမ်းလုံချိန် ( ၈၀၉-၈၁၆) လက်ထက်တွင် အုပ်ချုပ်သူသည် လောဘမသတ်နိုင်ဖြစ်သဖြင့် ဩဇာ အာဏာကြီး သော ဘုရင်ခံ ဝမ်ဆို့တင်၏သတ်ဖြတ်ခြင်းကိုခံရလေသည်။ တိဗက်ကို စစ်နိုင်လိုက်သဖြင့် နန်ကျောက် စစ်ဗိုလ်ချုပ်များသည် ဩဇာကြီးမားလာကြသည်။ ဝမ်ဆို့တင်က ရုပ်သေးအုပ်ချုပ်သူ ချွင်လိစိန့်ကို တင်မြှောက်သည်။ နောက် ၃ နှစ်မျှကြာ သောအခါ စစ်သူကြီးများအကူအညီဖြင့် သူ့ကို  ချွမ်ဖုန်းယိုဖြင့် အစားထိုးလိုက်ကြသည်။ ချွမ်ဖုန်းယို နှင့် ဝမ်ဆို့တင်တို့နှစ်ယောက်မှာ ဩဇာ အာဏာအကြီး ဆုံး စစ်သူကြီးများဖြစ်ကြပြီး နန်ကျောက် နယ်မြေချဲ့ ထွင်ရေးစစ်ပွဲတွင် အခရာကျသူများ ဖြစ်လာပါသည်။ နန်ကျောက်တို့သည် အေဒီ ၈၂၀ ခုနှစ်များတွင် ပျူမြို့ပြနိုင်ငံများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ တကောင်းမြို့ပြနိုင်ငံကို အေဒီ ၈၃၂ ခုနှစ်တွင် တိုက်ခိုက်အောင်မြင်ခဲ့ကြလေသည်။  


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲသတင်းကြောင့် ရန်ကုန်တွင်စက်သုံးဆီအချို့ ပြတ်လပ်နေ

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved