Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆွီဒင်၏ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ကို ဟန်ဂေရီအစိုးရ အတည်ပြု

Pika (NSS) - ဖေဖော်ဝါရီ ၂၈ 

ဆွီဒင်နိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပြုရန် ဟန်ဂေရီလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရလဒ်အနေဖြင့် ဆွီဒင်နိုင်ငံ၏ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ကို ဟန်ဂေရီက အတည်ပြုပေးခဲ့သည်။ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson သည် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန် နှင့်တွေ့ဆုံရန် ဖေဖော်ဝါရီလ (၂၃)ရက်တွင် ဘူဒါပတ်စ်မြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ(၂၆)ရက်တွင် အဆိုပါမဲခွဲ ဆုံးဖြတ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။မဲခွဲဆုံးဖြတ်မှုတွင် ဆွီဒင်နိုင်ငံ၏ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ကို လွှတ်တော်အမတ်(၁၈၈)ဦးက ထောက်ခံခဲ့ပြီး ခြောက်ဦးက ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း သိရသည်။ 


ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ရုရှား၏ ခြိမ်းခြောက်မှုများ ရှိလာနိုင်ခြေနှင့် ပတ်သက်ပြီး ၂ဝ၂၂ ခုနှစ်တွင် ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရရန် လျှောက်ထားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

နေတိုးအဖွဲ့ဝင်နိုင်ငံ အများစုသည် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ လျှောက်ထားမှုကို အတည်ပြုပေးခဲ့ကြသော်လည်း ဟန်ဂေရီနှင့် တူရကီတို့က ချက်ချင်းအတည်ပြုပေးခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ ဟန်ဂေရီနိုင်ငံသည် ဖင်လန် နိုင်ငံ၏ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ကို ပြီးခဲ့သည့်နှစ်က အတည်ပြုပေးခဲ့သော်လည်း ဆွီဒင်နိုင်ငံဝန်ကြီးချုပ် Ulf Kristersson အနေဖြင့် ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဗန်နှင့်တွေ့ဆုံရန် လာရောက်လည်ပတ်ခြင်းမျိုးမရှိပါက နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ကို အတည်ပြုပေးမည်မဟုတ်ကြောင်း ဗစ်တာအော်ဗန်၏ပါတီ Fidesz က ပြီးခဲ့သည့်ရက်ပိုင်း တွင် ထုတ်ဖော်ပြောခဲ့ဖူးသည်။ 


သို့သော်လည်း ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson နှင့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်တို့ တွေ့ဆုံမှု လုပ်ဆောင်ခဲ့ပြီးနောက် ဆွီဒင်၏ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ကို ယခုကဲ့သို့အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နေတိုးအဖွဲ့၏ ၎င်း၏အရှေ့ဖက်ခြမ်းသို့ချဲ့ထွင်မှုကို ရုရှားအစိုးရက အကြိမ်ကြိမ်ပြစ်တင်ရှုတ်ချခဲ့ ကြောင်းလည်း သိရသည်။

ထို့အပြင် အမေရိကန်နိုင်ငံသည် ရုရှားနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် ကြားနေနိုင်ငံများကို နေတိုးအဖွဲ့ ထဲသို့ ဆွဲသွင်းနေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ပြီးခဲ့သည့်လတွင် စွပ်စွဲခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်ဘနွန်နိုင်ငံတွင်းရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved