Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်ဘနွန်နိုင်ငံတွင်းရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော

Pika (NSS) - ဖေဖော်ဝါရီ ၂၈ 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မြောက်ဘက်ရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၏ တည်နေရာများကို ပစ်မှတ်ထားကာ လေကြောင်းမှတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ဖော်ပြောခဲ့သည်။ 

အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ဒုံးကျည်များဖြင့် ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ ဖေဖော်ဝါရီလ(၂၆)ရက်တွင် လက်ဘနွန်နိုင်ငံတွင်းရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းမှတိုက်ခိုက်မှု အများအပြားလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့ ထုတ်ပြန်ကြေညာခဲ့သည်။


အစ္စရေးလေယာဉ်များသည် လက်ဘနွန်နိုင်ငံ အရှေ့မြောက်ပိုင်း Bekaa ချိုင့်ဝှမ်းတစ်ဝိုက်ရှိ ဟစ်ဘိုလာလက်နက် ကိုင်အဖွဲ့၏နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု (၃)ကြိမ်သည် ဘေရွတ်မြို့ အရှေ့မြောက်ဖက် (၅၅)ကီလိုမီတာ အကွာတွင်ရှိသော ဘူဒေးရွာကို ထိမှန်ခဲ့ပြီး ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၏ ထရပ်ကားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဝင် အနည်းဆုံး(၂)ဦးသေဆုံးခဲ့ကြောင်း အမည်မဖော်လို သော ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထို့အပြင် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများသည် အရပ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် အသုံးပြုနေသော ရိက္ခာသိုလှောင်သည့် ဂိုဒေါင် တစ်ခုကို ထိမှန်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုများအတွင်း လက်ဘနွန်စစ်သားတစ်ဦးလည်း ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရရှိခဲ့သလို ၎င်း၏သားဖြစ်သူလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း နောက်ထပ်လက်ဘနွန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် Golan တောင်ကုန်းရှိ အစ္စရေးစစ်တပ်ကွပ်ကဲမှုစင်တာကို Katyusha ဒုံးကျည် အစင်းရေ(၆၀)ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က နောက်ပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အစ္စရေး နှင့် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့သည် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဖြစ်ပွားနေလျက်ရှိပြီး လူထု၏ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများဖြစ်ပေါ်နေ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved