ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မောင်းအိပ်ငိုက်၍ ကားတစ်စီး တံတားဘောင်အား ဝင်တိုက်မှုဖြစ်ပွား
စော (NSS) - ဖေဖော်ဝါရီ ၂၆
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မောင်းအိပ်ငိုက်၍ ကားတစ်စီး တံတားဘောင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်)၊ မွန်းလွဲ (၂)ဝန်းကျင်အချိန်တွင် မိုင်တိုင်အမှတ်(၂၇၆/၂)နှင့် (၂၇၆/၃)ကြားတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ယာဉ်မောင်းက အိပ်ငိုက်သွားတာပါ။ ယာဉ်မောင်း ထိခိုက်ဒဏ်ရာရတာပါ။ ဦးခေါင်းပေါက်ပြဲသွားတယ်။ လက်အဆစ်လွဲသွားတယ်။ အခုတော့ အခြေ အနေကောင်းသွားပြီးလို့ ပြောပါတယ်”ဟု ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးအနက် ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
“အမြန်လမ်းမှာ မောင်းတဲ့ယာဉ်မောင်းတွေကို အတတ်နိုင်ဆုံးတော့ ယာဉ်တွေကို နားပြီးမှ မောင်းဖို့နဲ့ လေ ပေါင်ချိန်တွေကို အမြဲမပြတ်စစ်ဆေးဖို့ပါပဲ။ ကျွန်တော့်တို့ဆီ လေ ပေါင်ချိန်တက်ပြီး ဘီးပေါက်ပြီးတော့ အရှိန်မထိန်းနိုင်ဘဲ တိုက်တာတွေက အများဆုံးတွေ့ရတာပေါ့”ဟု ၎င်းက အကြံပြုထား သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အမြန်လမ်း၌ ယာဉ်တိုက်မှုပေါင်း (၁၈)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၅)ဦးနှင့် ဒဏ်ရာရရှိသူ (၃၇)ဦးတို့ ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးတက္ကသိုလ်အနီး တိုက်ပွဲဖြစ်ပွားစဉ် အဆောင်အတွင်း နေထိုင်သည့် ဆရာ/ဆရာမနှင့် ကျောင်းသား/သူများကို PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ