Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ခြံအမှတ်(၅၄)လေလံကြောင့် ဒေါ်အောင်ဆန်းစုကြည်ပိုင် ကုန်ကားအစီး (၂၀)စာပစ္စည်းများကို မည်သည့်နေရာသို့ ရွှေ့ရမည်မှန်းမသိဖြစ်နေ

Iris (NSS) - ဖေဖော်ဝါရီ ၂၅

လေလံတင်ရောင်းချရန် အမိန့်ချမှတ်ခံထား ရသော ခြံအမှတ်(၅၄) နေအိမ်ထဲမှ ဒေါ်အောင်ဆန်း စုကြည်ပိုင်ဆိုင်သည့် ကွန်တိန်နာ အလုံး (၂၀) စာ ပစ္စည်းများကို မည်သည့်နေရာသို့ ပို့ဆောင်ထားရမည် မှန်းမသိ ဖြစ်နေကြောင်း အိမ်စောင့်အဖြစ်နေထိုင်ကြသူများနှင့်နီးစပ်သူများထံမှ သတင်းရရှိသည်။ 


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ်(၅၄) နေအိမ်ကို သားသမီးများဖြစ်သော ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က အမွေဆိုင်အဖြစ် ခွဲဝေယူရန်အတွက် လေလံတင်ရောင်းချရမည်ဟု ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အတည်ပြုအမိန့်ကြေညာပေးထားပြီးသားဖြစ်သည်။ လေလံ တင်မည့်ကာလမှာ မတ်လ(၂၀)ရက်ဖြစ်သည့် အတွက် ရက်အနည်းငယ်သာ ကျန်တော့သည့် အချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော လက်ဆောင်ပစ္စည်းသေတ္တာများကို မည်သည့် နေရာ သို့ ပို့ဆောင်ထားရမည်နည်းဆိုသော မေးခွန်းများ လည်း ထွက်ပေါ်လာနေခြင်းဖြစ်သည်။ "ကွန်တိန်နာ အလုံး ၂၀ စာလောက်ရှိတယ်လို့ သိရတယ်။ ပထမဆုံး အကြိမ်က သိထားတာက ကွန်တိန်နာ(၇)လုံးစာပဲ။ နောက်မှ ထပ်ရောက်လာတာနဲ့ဆိုရင် ကွန်တိန်နာ အစီး(၂၀)စာလို့ သိထားတယ်"ဟု ခြံအမှတ်(၅၄)ကို စောင့်ရှောက်သူများနှင့်နီးစပ်သော သတင်ရင်း မြစ်က ပြောသည်။ ဒေါ်ခင်ကြည် အမည်ပေါက် ပိုင်ဆိုင်သော ခြံအမှတ်(၅၄)နေအိမ်တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း(၃၀)ကျော် နေထိုင်လာခဲ့ပြီး သားဖြစ်သူ ဦးအောင်ဆန်းဦးကမူ နေအိမ်ခြံရှေ့တွင်ပင် လာရောက်ရပ်ကြည့်ခွင့်မရခဲ့ဘဲ တရားရုံးရောက်ပြီးသည့်နောက်မှသာ မိခင်ဖြစ်သူ၏ပိုင်ဆိုင်မှုအမွေကို ခွဲဝေရယူပိုင်ခွင့် ရခဲ့ခြင်းမျိုးဖြစ် သည်။ တရားရုံးဘက်ကလည်း လေလံတင် ရောင်းချခွင့်ကို ဇန်နဝါရီလအတွင်းက ကြေညာပြီးနောက် တရားရုံးအမိန့်စာများကို သက်ဆိုင်ရာတရားရုံး များနှင့် ခြံအမှတ်(၅၄)အိမ်ရှေ့နံရံ၌ ဖေဖော်ဝါရီလ (၈)ရက်တွင် ချိတ်ကပ်အသိပေးခဲ့ကြောင်းလည်း သိရသည်။ 

"ခြံရှေ့မှာ စာလာကပ်သွားတော့ အိမ်ထဲမှာ အိမ်စောင့်နေပေးတဲ့ ကလေးတွေက ခြံထဲကနေ ထွက်သွားပေးရတော့မယ်လို့ သိထားကြတယ်။ သူတို့လည်း အထုပ်အပိုးလေးတွေ ပြင်ထားတယ်လို့ တော့ ပြောတယ်။ တရားရုံးနဲ့ အစိုးရဘက်ကတော့ သူတို့ကို ခြံထဲက ထွက်သွားဖို့တော့ မပြောသေးဘူးလို့ ကြားတယ်။ လေလံတင်မယ့်ရက်ရောက်ခါနီးရင် တော့ ထွက်ရမယ်ထင်ပါတယ်။ ခက်တာက ဒေါ် အောင်ဆန်းစုကြည်ရဲ့ပစ္စည်းတွေကို ဘယ်သွားထား ရမယ်မှန်း မသိဖြစ်နေတာ"ဟု သတင်းရင်းမြစ်က ပြောသည်။ 

အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်နေအိမ်မှ ပစ္စည်းများကို နစကဘက်က တာဝန်ယူ၍ နှစ်နှစ် အတွင်း ဆက်တိုက်သယ်ယူပို့ဆောင်ပေးခဲ့သော ပစ္စည်းများမှာ ကုန်ကား အစီး (၂၀) စာအထိ ရှိခဲ့ကြောင်း၊ ခြံအမှတ်(၅၄)အတွင်း၌ ထားရှိသော အဆိုပါ ပစ္စည်းများမှာ ထိန်းသိမ်းသူ နည်းပါးလှသည့်အတွက် ခြကိုက်၍လည်းကောင်း၊ မိုးစို၍လည်းကောင်း ပျက်စီးမှုများ အနည်းငယ်ရှိလာနေသည်ဟု ဆိုသည်။ "ပရိဘောဂတွေလည်း ပါတယ်တဲ့။ အိမ်အခန်းရှိ သမျှနေရာအပြည့်နီးပါးမှာ ထားရတယ်။ တိုက်ပျက် ကြီးထဲမှာလည်း ထားရတယ်။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့အဝတ်တွေချည်းပဲတော့ မဟုတ်ဘူး။ တခြား သော လက်ဆောင်ပစ္စည်းတွေ ပါမှာပေါ့"ဟု သတင်း ရင်းမြစ်က ပြောသည်။ ကုန်ကား အစီး(၂၀)စာ ရှိ သော ပစ္စည်းများထဲတွင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း ပိုင်ဆိုင်သောပစ္စည်းများမဟုတ်ဘဲ နေပြည်တော်ရှိနေအိမ်နှင့် လရောင်တော စီမံကိန်းတွင် အစောင့်နှင့် အစေအပါးအဖြစ် နေထိုင်သူ(၇)ဦးတို့၏ ပစ္စည်းများလည်း ပါဝင်ကြောင်း ကြားသိရသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ခြံအမှတ် (၅၄)ကို လေလံတင်မည့်ရက်က နီးကပ်လာပြီဖြစ်သည့်အ တွက် လုပ်ငန်းစဉ်သာ အောင်မြင်သွားခဲ့ပါက နှစ်ဧက နီးပါးကျယ်ဝန်းသော ခြံအတွင်းသို့ ရောက်ရှိ နေသည့် ကုန်ကားအစီး(၂၀)စာ ပစ္စည်းများကို တစ်နေရာရာသို့ ဆက်လက်ပြောင်းရွှေ့ရမည်လည်း ဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စင်ကာပူနိုင်ငံ Prefer ကုမ္ပဏီက ပေါင်မုန့်၊ မုယောစပါး နဲ့ ပဲပျော့ဖတ်တို့မှ ပြုလုပ်တဲ့ ကော်ဖီကို စတင်ထုတ်လုပ်ရောင်းချ

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved