ညောင်ဦးမြို့အနီးသို့ ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ဟု မိုးဇလ ထုတ်ပြန်
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့အနီးသို့ ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာက ထုတ်ပြန်ထားသည်။
အဆိုပါမြေငလျင်သည် ယနေ့(ဖေဖောဝါရီ ၂၄ ရက်)၊ နံနက် ၅ နာရီ ၆ မိနစ်ခန့်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက် မြောက်ဘက် (၇) မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရမ်းကြီးသိသိသာသာကြီးလှုပ်သွားတာတော့မရှိပါဘူး။ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့လည်း မကြားမိပါဘူး” ဟု ညောင်ဦးခရိုင် မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါလှုပ်ခတ်ခဲ့သောငလျင်သည် ညောင်ဦးမြို့၏ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၁.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၈၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော မြေငလျင်တစ်ခုသာဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကလည်း စဉ့်ကိုင်မြို့အနီးသို့ ဗဟိုပြု၍ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုအသစ် လုပ်ဆောင်သွားမည်ဟု ယူကရိန်းသမ္မတ ကတိပြု
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း