ပြန်ပေးဆွဲခံထားရသူတွေ အမြန်ဆုံးပြန်လွတ်မြောက်စေဖို့ သဘောတူညီမှုစာချုပ်အသစ်ချုပ်ဆိုနိုင်အောင် ကြိုးပမ်းမယ်လို့ အစ္စရေးအစိုးရပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၂
အစ္စရေးအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ဟားမက်စ်လက်နက်ကိုင်အုပ်စုလက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ လူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် စာချုပ်အသစ်ချုပ်ဆိုသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲရပ်တန့်စေဖို့ တွေ့ဆုံဆွေးနွေးအောင် တွန်းအားပေးမှုတွေ မြင့်တက်နေချိန်မှာပဲ အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးဖြစ်သူ ဘန်နီဂန်ဇ့် က ပြောပါတယ်။
ဘန်နီဂန့်ဇ်ဟာ ကာကွယ်ရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ အစ္စရေးအစိုးရအဖွဲ့မှာ ဝန်ကြီး တစ်ဦးအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်ဇ်က "ပြန်ပေးဆွဲခံရသူတွေ အမြန်ဆုံးပြန်လွတ်မြောက်စေဖို့ စာချုပ်အသစ်တွေချုပ်ဆိုသွားမယ်။ ပြန်ပေးဆွဲခံရသူတွေ အမြန်ဆုံး ပြန်လွတ်မြောက်စေဖို့ တိုးတက်မှုတွေရှိလာဖို့ ကတိပြုပါတယ်။ ပြန်ပေးဆွဲခံရသူတွေ ပြန်လွတ်မြောက်ရေး အတွက် နည်းလမ်းရှာဖွေမှုတွေကို ရပ်တန့်သွားမှာပါ။ ပြန်ပေးဆွဲခံရသူတွေ အမြန်ဆုံးပြန်နိုင်မယ့် အခွင့်အရေးကို လွဲချော်အောင် ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ဒါပေမယ့် ပြန်ပေးဆွဲခံရသူတွေ ပြန်လွတ်မြောက်စေမယ့် စာချုပ်တွေမချုပ်ဆိုနိုင်ဘူးဆိုရင်တော့ အစ္စရေးစစ်တပ် ဟာ ရာမာဒန်လမှာလည်း တိုက်ခိုက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ ရာမာဒန်လဟာ လာမယ့် လမှာ စတင်သွားမှာဖြစ်ရာ အဲဒီကာလအတွင်း ပါလက်စတိုင်းနဲ့ အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်အောင် တွန်းအားပေးမှုတွေ ရှိနေပါတယ်။ ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်နိုင်ဖို့၊ အပစ်ခတ်ရပ်စဲဖို့ တိုက်တွန်းတောင်းဆိုနေပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၄ လကျော်ကြာမြင့်လာနေပြီး လူပေါင်း ၃ သောင်းနီးပါး သေဆုံးထားတယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗင်နီဇွဲလားနိုင်ငံတွင် ရွှေတွင်းတစ်ခုပြိုကျခဲ့ပြီး လူ(၂)ဒါဇင်နီးပါး သေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း