စစ်သင်္ဘောများကို နှစ်ဆတိုးမြှင့်ခြင်းဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးရေတပ်ကို တည်ဆောက်ဖို့ ဩစတြေးလျကြံရွယ်
ALynn (NSS) - ဖေဖော်ဝါရီ ၂၁
ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဩစတေးလျသည် လာမည့်ဆယ်စုနှစ်အတွင်း တော်ဝင်ရေတပ်တိုက်ခိုက်ရေး ရေယာဉ် အုပ်စုအတွက် ဩစတေးလျဒေါ်လာ ၁၁ ဒသမ ၁ ဘီလျံ သုံးစွဲသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါအစီအစဉ်တွင် ဩစတြေးလျသည် အရပ်ဘက် ရေကြောင်းလုံခြုံရေးဆိုင်ရာစစ်ဆင်ရေးများတွင် အသုံးပြုရန်အတွက် စစ်သင်္ဘောငယ် ၂၅ စင်း အပါအဝင် တိုက်ပွဲဝင်အဆင့်စစ်သင်္ဘော ၁၁ စင်းမှ ၂၆ စင်းအထိ တိုးမြှင့် ထုတ်လုပ်သွားရန် ရည်ရွယ်ပါသည်။
ယင်းမှာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဩစတြေးလျရေတပ်အုပ်စုကို အကြီးမားဆုံး အင်အားဖြည့်တင်းခြင်း ဖြစ်သည်။ ဩစတြေးလျသည် ၎င်း၏ပြိုင်ဘက် တရုတ်နှင့် ရုရှားတို့နည်းတူ ရေတပ်အင်အားကို ဖြည့်တင်းရန် နှစ်ပေါင်းများစွာကတည်းက ကြိုးစားတည်ဆောက်လျက်ရှိသည်။ ဩစတြေးလျ၏ ၂၀၂၃ မဟာဗျူဟာသုံးသပ် ချက်တွင် ပစိဖိတ်ဒေသအတွင်း အမေရိကန်နှင့် တရုတ်အကြား အားပြိုင်မှုသည် ပဋိပက္ခကို ဦးတည်စေမည့် အလားအလာတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။
၂ဝ၂၁ ခုနှစ်က ဩစတေးလျသည် AUKUS လုံခြုံရေးစာချုပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နျူကလီးယားရေငုပ် သင်္ဘော ၃ စင်းဝယ်ယူသွားမည့်အကြောင်း ကြေညာခဲ့သည်။ ဩစတြေးလျသည် Hunter Class ရှေးခေတ် စစ်သင်္ဘော ၆ စင်း၊ အထွေထွေသုံး ရှေးခေတ်စစ်သင်္ဘော ၁၁ စင်း၊ လေကြောင်းစစ်ဆင်ရေးဖျက်သင်္ဘော ၃ စင်းနှင့် မောင်းသူမဲ့ ခေတ်မီ စစ်သင်္ဘော ၆ စင်းတို့ ဝယ်ယူသွားမည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် သြစတြေးလျသည် ၂ဝ၃ဝ ပြည့်နှစ်များ အလယ်ပိုင်းတွင် ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို လက်ရှိမျှော်မှန်းထားသည့် ၂ ဒသမ ၁ ရာခိုင်နှုန်းမှ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကြောင့် ကာကွယ်ရေးအသုံးစရိတ်သိသိသာသာမြင့်မားလာသည်ဟု ထင်မြင် ကြမည်ဖြစ်သော် လည်း နိုင်ငံအနေဖြင့် မဟာဗျူဟာအရ ရှုတ်ထွေးသောအခြေအနေများကို ရင်ဆိုင်နေရသောကြောင့် ၎င်းမှာ မဖြစ်မနေလိုအပ်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း” ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
သင်္ဘောအချို့ကို Adelaide မြို့တွင်တည်ဆောက်သွားမည်ဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့် အလမ်း ၃,၀၀၀ လောက်ရရှိလာမည်ဖြစ်သည်။ ထို့ပြင် သင်္ဘောဒီဇိုင်းများကို အမေရိကန်ထံမှ ရယူသွားမည်ဖြစ်ပြီး စပိန်၊ ဂျာမနီ၊ တောင်ကိုရီးယား (သို့မဟုတ်) ဂျပန်တို့ထံမှလည်း ဒီဇိုင်းရယူရန် ရည်ရွယ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားသုံးဆီဈေးနှုန်းပြဿနာ၊ မြောင်းဆီနဲ့ ဆီလောကအထွေထွေအကြောင်း (အင်တာဗျူး)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း