အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲ လုပ်သား ၇၁ ဦး ပင်ပန်းနွမ်းနယ်ပြီး သေဆုံး
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၁
အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ ပင်ပန်းနွမ်းနယ်မှုကြောင့် လူပေါင်း ခုနစ်ဆယ့်တစ်ဦး သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်ထိအတွင်း အစိုးရရွေးကောက်ပွဲရဲ့ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် လူ ၄,၀၀၀ ခန့် ဖျားနာခဲ့တယ်လို့ နိုင်ငံမဲရုံအဖွဲ့ဥက္ကဋ္ဌ မစ္စတာ ဟက်ဆန်အာရီ က ဖေဖော်ဝါရီ ၁၉ ရက်၊ ဂျကာတာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အစိုးရက စေတနာ့ဝန်ထမ်းတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့်လည်း အခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒါဇင်နဲ့ချီတဲ့ သေဆုံးမှုတွေ ရှိနေဆဲပါပဲ။
အင်ဒိုနီးရှားရဲ့ ၂ဝ၂၄ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံတော်နဲ့ ဒေသဆိုင်ရာအဆင့်မှ သမ္မတ၊ ဒုတိယသမ္မတနဲ့ ဥပဒေပြု လွှတ်တော်အမတ်များ ရွေးချယ်တင်မြှောက်ဖို့အတွက် နိုင်ငံသား သန်း ၂ဝဝ ကျော် မဲပေးခဲ့ပါတယ်။ မဲရုံလုပ်သား များကတော့ မဲရုံပိတ်ပြီးနောက် ရာနဲ့ ချီတဲ့ မဲတွေ ရေတွက်ခြင်း၊ သတင်းပို့ခြင်းတို့ကို ၁၂ နာရီလောက် လုပ်ဆောင် ရတယ်လို့ သိရပါတယ်။
မဲပေးမှု တရားဝင်ရလဒ်တွေကို မတ်လ ၂ဝ ရက်မှာ ထုတ်ပြန်ကြေညာမယ်လို့ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်သင်္ဘောများကို နှစ်ဆတိုးမြှင့်ခြင်းဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးရေတပ်ကို တည်ဆောက်ဖို့ ဩစတြေးလျကြံရွယ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း