အိန္ဒိယရှိ ကယ်ရီအမျိုးသားတစ်ဦးက သတို့သမီးလောင်း ရှာပုံတော်ဖွင့်ဖို့အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို E-Bike မှာ ရေးသားကာ စျေးဗန်းခင်း
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၁
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ တောင်ဘက် ကီလိုမီတာ ၈၀၀ ခန့်အကွာ မက်ဒ်ရာပရာဒက်ရှ် ပြည်နယ်မှ အသက် ၃ဝ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ အနာဂတ်သတို့သမီးလောင်းကို ရှာဖွေဖို့ ၎င်းရဲ့ E bike ဘီးဘေးမှာ ဆိုင်းဘုတ်ထောင်ကာ ကိုယ်ရေးအကျဉ်းရေးပြီး စျေးဗန်းခင်းခဲ့ပါတယ်။
၎င်းက လူ့အဖွဲ့အစည်းမှာ အမျိုးသမီး ရှားပါးမှုကြောင့် သင့်လျော်တဲ့ လက်တွဲဖော်ကို ရှာတွေ့ဖို့ ခက်ခဲတယ်လို့ ထင်မြင်မိကြောင်း ပြောကြားပါတယ်။ ၎င်းဟာ ယခင်က အိမ်ထောင်ဖက် ရှာဖွေဖို့ ကူညီပေးတဲ့ အိမ်ထောင်ရေး ဆိုင်ရာအဖွဲ့တစ်ဖွဲ့မှာ ယခင်က ပါ၀င်ခဲ့ပေမယ့် သင့်တော်တဲ့ လက်တွဲဖော်ကို ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူ့ရဲ့ E bike မှာပဲ သူ့ကိုယ်သူ စျေးဗန်းခင်း ကြောငြာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းရဲ့ ကိုယ်ရေးမှတ်တမ်းမှာ အရပ်အမောင်း၊ မွေးရက်၊ မွေးအချိန်၊ သွေးအုပ်စု၊ ပညာရေးနောက်ခံ၊ gotra သို့မဟုတ် မျိုးရိုး၊ ဘာသာ စတဲ့ အသေးစိတ်အချက်များ ဖော်ပြထားပါတယ်။
မစ္စတာဒီပန်ဒရာဟာ ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ကြော်ငြာထားတဲ့ စျေးဗန်းဟာ လူအများရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။
မစ္စတာ ဒီပန်ဒရာကတော့ သူ့မိသားစုကို သူ့ရဲ့ E bike လည်ပတ်မှုကနေ ရတဲ့ဝင်ငွေနဲ့ ကျွေးနိုင်တာကြောင့် သူ့ရဲ့ အနာဂတ် အိမ်ထောင်ဖက်ရဲ့ပျော်ရွှင်မှုကို အာမခံနိုင်တယ်လို့ ထပ်လောင်း ပြောကြားထားပါသေးတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲ လုပ်သား ၇၁ ဦး ပင်ပန်းနွမ်းနယ်ပြီး သေဆုံး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း