အစိုးရ၏ သီးနှံဆိုင်ရာအဆိုပြုကမ်းလှမ်းချက်များကို အိန္ဒိယနိုင်ငံရှိ ဆန္ဒပြလယ်သမားများ ငြင်းဆန်ပယ်ချ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂ဝ
ဆန္ဒပြနေသည့် အိန္ဒိယလယ်သမားများသည် အစိုးရကကမ်းလှမ်းခဲ့သော သီးနှံဈေးနှုန်းဆိုင်ရာအဆိုပြုချက်များကို ငြင်းဆန်ပယ်ချခဲ့ပြီး မြို့တော် နယူးဒေလီအထိ ချီတက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အိန္ဒိယလယ်သမားများသည် ပြိးခဲ့သောသီတင်းပတ်က စတင်ပြီး သီးနှံရောင်းချရေးနှင့်ပတ်သက်ပြီး ကန့်သတ်ချက် များအပြင် ဈေးနှုန်းသတ်မှတ်များကို မကျေနပ်သည့်အတွက် ဆန္ဒပြခဲ့ရာ အာဏာပိုင်များက လမ်းတစ်လျှောက် တွင် ပိတ်ဆို့မှုများရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြလယ်သမားအုပ်စုများကို မျက်ရည်ယိုဗုံးအသုံးပြုကာ ဖြိုခွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သော လယ်သမား ဆန္ဒပြပွဲမျိုး ထပ်မံမဖြစ်စေရန် အရှိန်မြင့်ဟန့်တားခဲ့ကြောင်း သိရသည်။ အိန္ဒိယဆန္ဒပြလယ်သမားခေါင်းဆောင်တစ်ဦးက အစိုးရသည် ပဲအမျိုးမျိုး၊ ဝါ နှင့် ပြောင်းတို့ အပါအဝင် သီးနှံ ဈေးနှုန်းများနှင့်ပတ်သက်သော ငါးနှစ်သက်တမ်းရှိ
ကမ်းလှမ်းမှုတစ်ခုကို ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော်လည်း အစိုးရ၏အဆိုပြုချက်များကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ပြောသည်။
အိန္ဒိယအစိုးရ၏ အဆိုပါကမ်းလှမ်းချက်များက လယ်သမားများ၏ အကျိုးစီးပွားကို ရေရှည်ရှေးရှုခြင်းမျိုး မရှိကြောင်း အိန္ဒိယလယ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။ သောင်းနှင့်ချီသော လယ်သမားများသည် မိုင်ပေါင်း ၁၂ဝ ကျော်အကွာအဝေးရှိ မြို့တော်သို့ ချီတက်ဆန္ဒပြပွဲများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဆန္ဒပြပွဲခေါင်းဆောင်တစ်ဦးဖြစ်သူ ဒါလီဝါက ပြောသည်။
၎င်းက “ကျွန်တော်တို့ဟာ အခက်အခဲပြသာနာတွေကို ဖြေရှင်းဖို့ နဲ့ လမ်းတစ်လျှောက်အတားဆီးတွေကို ဖယ်ရှားဖို့ အစိုးရကို တောင်းဆိုသွားမယ်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတာတွေကို ခွင့်ပြုပေးဖို့လည်း တောင်းဆိုသွားမယ်" ဟု ပြောသည်။ အိန္ဒိယလယ်သမားများ ချီတက်ဆန္ဒပြရာလမ်းတစ်လျှောက်ရှိ လယ်သမားများလည်း ဆန္ဒပြပွဲသို့ ပူးပေါင်း ပါဝင်လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာသဒ္ဓမ္မ ဇောတိကဓဇ(မဟာသတ်ဓမ်မ ဇောတိကဓဇ)၊ မဟာဝိဇ္ဇာ(လန်ဒန်) ဆရာကြီးဦးမြင့်ဆွေ၏ ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် စုပေါင်းကုသိုလ် ပြု ရေစက်ချအခမ်းအနားကျင်းပ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ