ပုသိမ်ကြီးမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွား
စော (NSS) - ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ခရီသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်း-အုန်းချောထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၁၈ ရက်)၊ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချော ကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ စက်သုံးဆီဆိုင်အနီးတွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ပြီးခါနီးမှရောက်တော့ သိပ်တော့သတင်းက မသိလိုက်ပါဘူး။ ထိခိုက်ဒဏ်ရာရတဲ့လူ မရှိပါဘူး။ ခရီးသည်တွေပါမယ် ထင်ပါတယ်” ဟု စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
မီးလောင်မှုအား မန္တလေးခရိုင်မီးသတ်စခန်း၊ မြို့နယ်မီးသတ်စခန်း၊ အုန်းချောအရန်မီးသတ်စခန်း နှင့် စေတနာမွန် လူမှုကူညီရေးအသင်းတို့မှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည (၇)နာရီ (၁၄)မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ကားတစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
လတ်တလောသတင်းများအရ ကားဘီး ဘရိတ်ရှူးကပ်၍ အပူလွန်ကဲခဲ့ရာမှ ကားမီးလောင်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ် ရှိ ပစ္စည်းများမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၁ ရက်)၊ ညနေ (၄)နာရီဝန်းကျင်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းလမ်းတွင် ခရီးသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန်ရငွေ အသုံးပြုခွင့်ကို ဗဟိုဘဏ်၏ မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြုနေပြီး သတင်းအမှားများ ဖြန့်ဝေပါက ဥပဒေနှင့်အညီ အရေးယူမည်ဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ