ဂျိုးဘိုင်ဒန်ကို အမေရိကန်သမ္မတရွေးကောက်ပွဲတွင်အနိုင်ရသူအဖြစ် တွေ့မြင်လိုကြောင်း ရုရှားသမ္မတပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၇
ရုရှားသမ္မတပူတင်က လာမည့်အမေရိကန် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ထက် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကို အနိုင်ရသူအဖြစ်တွေ့မြင်ရဖွယ်ရှိနေကြောင်း ခန့်မှန်း ပြောဆိုလိုက်သည်။
ရုရှားအစိုးရသည် သမ္မတ ဂျိုးဘိုင်ဒန်ကို အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ထပ်မံတွေ့ မြင်လိုကြောင်း သမ္မတပူတင်ကပြောသည်။ ရုရှား အစိုးရအနေဖြင့် အမေရိကန်သမ္မတ ဘယ်သူဖြစ်ဖြစ် ပူးပေါင်းလုပ်ဆောင်ရန်အဆင့်သင့်ရှိနေကြောင်း၊ သို့သော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို အနိုင်ရသူအဖြစ် ပိုမိုတွေ့မြင်လိုကြောင်း ရုရှားသမ္မတ က ပြောသည်။ ရုရှားသမ္မတက "သမ္မတ ဂျိုးဘိုင်ဒန် ဟာ ပိုမိုအတွေ့ကြုံရင့်ကျက်သူဖြစ်တယ်။ ဂျိုးဘိုင်ဒန် ဟာ ခေတ်ဟောင်းနိုင်ငံရေးသမားဖြစ်တယ်။ ဒါပေမဲ့ ရုရှားနိုင်ငံကတော့ အမေရိကန်ပြည်သူတွေ ယုံကြည် စွာနဲ့ရွေးချယ်ထားတဲ့ အမေရိကန်ခေါင်ဆောင် ဘယ် သူဖြစ်ဖြစ် အလုပ်တွေ ပူးပေါင်းလုပ်ဆောင်မယ်"ဟုပြောသည်။ ထို့ပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ၏ ကျန်းမာရေးအခြေအနေများကို ကောင်းစွာမသိကြောင်း ရုရှားသမ္မတက ပြောသည်။
"ကျွန်တော်ဟာ ဆရာဝန်တစ်ဦးမဟုတ်ဘူး။ ဂျိုးဘိုင်ဒန် မှတ်ချက်စကားတွေကိုလည်း မစဉ်းစားဘူး"ဟုပြောသည်။ ဂျိုးဘိုင်ဒန်သည် လက်ရှိအချိန်တွင် အသက် (၈၁)နှစ်အရွယ်ရှိနေရာ ကျန်းမာရေးနှင့်ပတ်သက်ပြီး ချို့ယွင်းချက်များ ရှိနေ ကာ စိတ်ပိုင်းဆိုင်ရာမှတ်ဥာဏ်များ လျော့နည်းကျဆင်းလာနေကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့ သောအစီရင်ခံစာတွင် ဖော်ပြထား သည်။ နိုဝင်ဘာလအတွင်းကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် ဂျိုးဘိုင်ဒန်သည် မှတ်ဥာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များရှိနေသည်ဆိုသော သတင်းများကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရန် ကြိုးပမ်းမှုများကို သက်ရောက်လာစေခဲ့ကြောင်းသိရသည်။ ဂျိုးဘိုင်ဒန်သည် သမ္မတအဖြစ် တာဝန်ယူပြီးချိန်နောက်ပိုင်းကတည်းက စကားပြောဆိုမှုအမှားများရှိလာခြင်းအပြင် မှတ်ချက်ပြောစကားများ မှားယွင်းလာခြင်းများ ရှိလာခဲ့ကြောင်းသိရသည်။ ဂျိုးဘိုင်ဒန်အမေရိကန် သမ္မတအဖြစ်တာဝန်ယူချိန်တွင် ယူကရိန်းနှင့် ရုရှားစစ်ပွဲ ဖြစ်လာခဲ့ပြီး အမေရိကန်နှင့် ရုရှားနိုင်ငံကြား ဆက်ဆံရေးဆိုးရွားလာခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း (၄၀ဝ)ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၃၆)ဦး အထိရှိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း