အမေရိကန်ရှိ ရေဒီယိုအသံလွှင့်ဌာနပေါင်း(၂၀ဝ)ကျော်ကို ဘီလျံနာသူဋ္ဌေးကြီး ဂျော့ဆိုးရော့စ် ထိန်းချုပ်သွား နိုင်ဖွယ်ရှိနေ
Pika (NSS) -ဖေဖော်ဝါရီ ၁၆
ဘီလျံနာသူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်သည် အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ရေဒီယို ကုမ္ပဏီတွင် အဓိကရှယ်ယာကို ဝယ်ယူခဲ့ပြီး နိုင်ငံတစ်ဝန်း ရှိ ရေဒီယိုအသံလွှင့်ဌာနပေါင်း(၂၂၀)ကျော်ကို ထိန်းချုပ်မှုများ ရရှိသွားနိုင်ဖွယ်ရှိနေကြောင်း New York Post သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
Soros Fund Management ကုမ္ပဏီသည် Audacy မီဒီယာအဖွဲ့ ကုမ္ပဏီ၏ ဒေဝါလီခံရမှုဖြစ်စဉ် အတွင်း တင်ခဲ့သော အကြွေးကို ပေးချေကာ အမေရိကန်ဒေါ်လာသန်း(၄၀ဝ)ဝန်းကျင်ရှိ ရှယ်ယာကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း New York Post သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါသဘောတူညီချက်ကို တရားရုံးက အတည်ပြုပြီးသည်နှင့်တပြိုင်နက် ဂျော့ဆိုးရော့စ်သည် Audacy မီဒီယာအဖွဲ့ကုမ္ပဏီ၏ ရှယ်ယာ စုစုပေါင်း(၄၀) ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်သွားလိမ့်မည်ဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါ(၄၀)ရာခိုင်နှုန်းမှာ အစုရှယ်ယာ အများစု မဟုတ်သော်လည်း ဂျော့ဆိုးရော့စ်သည် Audacy မီဒီယာအဖွဲ့ ကုမ္ပဏီ၏ ထိရောက်သော ထိန်းချုပ်မှုများကို ရရှိသွားနိုင်ဖွယ်ရှိနေကြောင်း New York Post ကဖော်ပြခဲ့သည်။ Audacy မီဒီယာအဖွဲ့ သည် အမေရိကန်နိုင်ငံရှိ ပြည်နယ်ပေါင်း(၄၅)ခုတွင် ဂီတ၊အားကစားနှင့်စကားပြောရေဒီယိုအသံလွှင့်ဌာနပေါင်း(၂၂၇)ခုကို ပိုင်ဆိုင်ကြောင်းသိရသည်။ ထို့ပြင် Audacy ကုမ္ပဏီသည် ဆန်ဖရန်စ္စကို မြို့အခြေစိုက်KCBS နှင့် နယူးယောက်မြို့အခြေစိုက် WCBS အပါအဝင် ရေဒီယိုအသံလွှင့်ဌာနပေါင်း(၁၁)ခုကို လည်ပတ်လုပ်ကိုင်နေသည့် CBS ရေဒီယိုကုမ္ပဏီကို ပိုင်ဆိုင်ကြောင်းလည်း သိရသည်။ နှစ်ပေါင်းများစွာ ဝင်ငွေကျဆင်းမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ပြီးခဲ့သည့်လအစောပိုင်းတွင် Audacy ကုမ္ပဏီသည် အကြွေး အမေရိကန်ဒေါ်လာ(၁ ဒသမ ၉)ဘီလျံဖြင့် ဒေဝါလီခံရန်အတွက် တိုင်ကြားခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါသဘောတူညီချက် ဖြစ်မြောက်သွားမည်ဆိုပါက Audacy ကုမ္ပဏီသည် ကြီးထွားလာနေသော ဂျော့ဆိုးရော့စ်၏ မီဒီယာ အင်ပါယာအတွက် နောက်ဆုံးပေါင်းထည့်မည့် ကု မ္ပဏီတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ ယင်းသဘောတူညီချက်မှာ ကြောက်စရာကောင်း သည့် သဘောတူညီချက်တစ်ခုဖြစ်ကြောင်း အတွင်းသတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကားပြီး New York Post ကဖော်ပြခဲ့သည်။ ဂျော့ဆိုးရော့စ်သည် ယခုနှစ်တွင် ကျင်းပမည့်သမ္မတရွေးကောက်ပွဲမတိုင်မီ လူထုသဘောထားများကို လွှမ်းမိုးရန်အတွက် ၎င်း၏ ရှယ်ယာများကို အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါသတင်းရင်းမြစ်ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ