Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟူသီတို့ ပင်လယ်နီထဲရှိ သင်္ဘောများကို တိုက်ခိုက်ခြင်းအပေါ် တုံ့ပြန်ခြင်းကြောင့် အမေရိကန်၊ ယူကေ နှင့် တရုတ်၊ ရုရှား တို့အကြား ပွတ်တိုက်မှုဖြစ်ပွား

ALynn (NSS) - ဖေဖော်ဝါရီ ၁၅

ဟူသီတို့၏ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို တရားမဝင် တိုက်ခိုက်ခြင်းကြောင့် ပင်လယ်နီထဲရှိ ကုန်သွယ်ရေး သင်္ဘောများကိုပါ ထိခိုက်ဆုံးရှုံးစေကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေကြောင်း လုပ်ငန်းအတွက် အနှောင့်အယှက်ဖြစ်စေကြောင်း ရုရှားနှင့် တရုတ်တို့က ဖေဖော်ဝါရီလ ၁၄ ရက်တွင် စွပ်စွဲခဲ့သည်။ 


ကုလသမဂ္ဂ၏ အမေရိကန်ဆိုင်ရာ လက်ထောက် သံအမတ် Robert Wood နှင့် ယူကေ သံအမတ် Barbara Woodward တို့က “ဟူသီတို့၏ တိုက်ခိုက်မှုများကသာ တရားမဝင်ဖြစ်ပြီး ၎င်းတို့ အနေဖြင့် ခုခံကာကွယ်ရန် တိုက်ခိုက်ရခြင်းဖြစ်သည့်အတွက် တရားဝင်ပြီး သင့်လျော်သော လုပ်ရပ်ဖြစ်ကြောင်း” တုံ့ပြန်ခဲ့သည်။ 

သို့သော် ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်သံအမတ် Dmitry Polyansky နှင့် တရုတ်၏ ကုလသမဂ္ဂ သံတမန် Zhang Jun တို့က “ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယီမင်အား စစ်ရေး အရ အရေးယူဆောင်ရွက်ရန် ခွင့်ပြုထားခြင်းမရှိကြောင်း” ပြန်လည်ချေပခဲ့သည်။ 

လုံခြုံရေးကောင်စီအစည်းအဝေးတွင် ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က “ယီမင် နိုင်ငံ၏ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ခြင်း ကြိုးပမ်းမှုများသည် ဂါဇာစစ်ပွဲနှင့် စပ်လျဉ်းသည့် ဒေသတွင်း တင်းမာမှုများကြောင့် နှောင့်နှေးနေရခြင်းဖြစ်ပြီး အထူးသဖြင့် ပင်လယ်နီအတွင်း စစ်ရေးတင်းမာမှုများကြောင့်ဖြစ်သည်”ဟု ဖော်ပြခဲ့သည်။ နိုဝင်ဘာလကတည်းက ဟူသီ လက်နက်ကိုင်တို့သည် ပင်လယ်နီရှိ သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ကာ ဂါဇာရှိ အစ္စရေး ထိုးစစ်များရပ်တန့်ရန်အတွက် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့သည် အစ္စရေးနှင့် ဆက်စပ်မှု ရှိ/ မရှိ အတိအကျမသိရသော အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ကုန်သွယ်ရေးရေယာဉ်များကို မကြာခဏတိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် အမေရိကန်နှင့် ယူကေအပါအဝင် ၎င်းတို့၏ မဟာမိတ်များက ဟူသီတို့၏ ဒုံးလက်နက်တိုက်များနှင့် ၎င်းတို့၏တည်နေရာများကို လေကြောင်း တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာခြင်းဖြစ်သည်။ 

Robert Wood က “အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများသည် ဟူသီတို့၏ ပင်လယ်နီ၊ Bab al-Mandeb ရေလက်ကြားနှင့် အေဒင်ပင်လယ်ကွေ့ရှိ ကုန်သွယ်ရေယာဉ်များအပေါ် အဆင် အခြင်မဲ့ တိုက်ခိုက်မှုကို တားဆီးဟန့်တားရန်အတွက်သာဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်ကတည်းက ဟူသီလက်နက်ကိုင်များကို အီရန်က လက်နက်များထောက်ပံ့နေပြီး ယခုတိုက်ခိုက်မှုများ တွင်လည်း အီရန်ပါဝင်ပတ်သက်နေကြောင်း၊ ဟူသီတို့သည် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးကို ပိတ်ဆို့တားဆီးရန်ကြိုးပမ်းနေခြင်းဖြစ်ရာ ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဟူသီတို့ကို ကြိုးကိုင် ထားသည့် အီရန်အစိုးရကို ဖိအားပေးရန် တိုက်တွန်းပါကြောင်း” ပြောကြားခဲ့သည်။

 “ရုရှားသည် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို တားဆီးသည့် မည်သည့်တိုက် ခိုက်မှုမျိုးကို မဆို ရှုတ်ချကြောင်း၊ ယီမင် ပြည်တွင်းရေးနှင့် ငြိမ်းချမ်းရေးကိုသာ အာရုံစိုက်သင့်ကြောင်း ဟူသီခေါင်းဆောင်များထံ ရုရှားက သတင်းစကားပေးပို့ထားကြောင်း” Polyansky က ပြောကြားခဲ့ သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းကတည်းက Grundberg သည် ယီမင်အစိုးရနှင့် ဟူသီ ခေါင်းဆောင်တို့အား “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန်၊ နိုင်ငံတွင်း လူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှေးရှုရန် နှင့် ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်များကို ပြန်လည် စတင်ကြရန်” နှိုးဆော်ခဲ့သည်။

ယခုပြဿနာ၏ အဓိကအကြောင်းရင်းခံသည် အစ္စရေး-ဟားမာစ်စစ်ပွဲကြောင့်ဖြစ်ပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးကို အလျင်အမြန်ဆောင်ရွက်နိုင်ပါက ပင်လယ်နီအတွင်း အခြေအနေသည် လည်း ပြန်လည်တည်ငြိမ်လာနိုင်ကြောင်း သုံးသပ်ထားကြသည်။ ၂၀၁၄ ခုနှစ်တွင် ဟူသီတို့ ယီမင်မြို့တော်ကို သိမ်းပိုက်ခဲ့ချိန်မှစ၍ ပြည်တွင်းစစ်စတင်ခဲ့ပြီး ဆော်ဒီ အထောက်အပံ့ ပြုထား သည့် ယီမင်အစိုးရ နှင့် အီရန်တို့ ကျောထောက်နောက်ခံပြုထားသော ဟူသီတို့အကြား ပဋိပက္ခ သည် Proxy war အသွင်ဆောင်လာခဲ့သည်။ စစ်ပွဲသည် အာရပ်ဒေသ၏ အဆင်းရဲဆုံးနိုင်ငံဖြစ်နှင့် ပြီးဖြစ်သော ယီမင်ကို တစ်စစီပျက်စီးစေခဲ့ပြီး ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ဘေးဒုက္ခများထဲမှ တစ်ခုအဖြစ်ဖန်တီးခဲ့သည်။

“AP news, February 15, 2024, Russia and China clash with US and UK over attacks on Yemen rebels for strikes on Red Sea ships” ကို သင့်လျော်အောင် ကောက်နုတ်ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။ 



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ(၇၀)သာ ‌ရောင်းချသွားမည်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved