အမေရိကန်နိုင်ငံရဲ့လုံခြုံရေး အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ဆိုးရွားလာနေဟုဆို
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၅
အမေရိကန်နိုင်ငံရဲ့လုံခြုံရေးအန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ဆိုးရွားလာနေကြောင်း အမေရိကန်လွှတ်တော်စုံစမ်းရေး ထောက်လှမ်းရေးကော်မတီက ပြောပါတယ်။
အမေရိကန်လွှတ်တော် စုံစမ်းထောက်လှမ်းရေးကော်မတီရဲ့ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မိုက်ကျူနာက "ကျွန်တော်ဟာ အမေရိကန်သမ္မတထံကနေ ခြိမ်း ခြောက်မှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးကို တောင်းဆိုခဲ့တယ်။ ခြိမ်းခြောက်မှုတွေကိုတုံ့ပြန်ဖို့ လိုအပ်တဲ့ဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်တယ်"လို့ပြောပါတယ်။
ကျူနာဟာ အမေရိကန်နိုင်ငံရဲ့လုံခြုံရေးခြိမ်းခြောက်ခံရမှု အန္တရာယ်မြင့်တက်လာနေတယ်လို့ပြောဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာ အသေးစိတ်ပြောဆိုခြင်းမျိုးတွေမရှိခဲ့ကြောင်းပြောပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့အမျိုးသား လုံခြုံရေးအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်ကလည်း အမေရိကန်နိုင်ငံရဲ့လုံခြုံရေးခြိမ်းခြောက်ခံရမှုအသေးစိတ်အခြေအနေတွေကို ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်းသိရပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ အမေရိကန်လွှတ်တော် စုံစမ်းထောက်လှမ်းရေးအဖွဲ့ နဲ့တွေ့ဆုံဆွေးနွေးတာတွေ ဆက်လက်လုပ်ဆောင်မယ်။ ကျွန်တော်တို့ဟာ ဘာတွေထပ်မံလုပ်ရမလဲဆိုတာ သိသာထင်ရှားနေပါတယ်၊ ဒီရက်ပိုင်းအတွင်းထောက်လှမ်းရေးနဲ့ကာကွယ်ရေး ကျွမ်းကျင်သူတွေနဲ့အတူ သွားရောက်ဆွေးနွေးရမယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဟာ သတင်းအချက်အလက်တွေ ပြန်မျှဝေပေးတာမျိုးတွေမလုပ်နိုင်သေးဘူး"လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ၎င်းနိုင်ငံ လုံခြုံရေးအတွက် ခိုင်မာတဲ့သတင်းအချက်အ လက်တွေရယူနိုင်ဖို့ ပြည်ပထောက်လှမ်းရေးအဖွဲ့ စီအိုင်အေအဖွဲ့ ၊ ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ အက်ဖ်ဘီအိုင်အဖွဲ့တွေကို အဓိကထားနေရတယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံကို လေကြောင်းမှတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း