စစ်ဒဏ်ကြောင့် ပျက်စီးကြေမွလျက်ရှိတဲ့ မြန်မာနိုင်ငံသို့ ခိုးထုတ်မယ့်ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးရမိ
Htay Oung (NSS) - ဖေဖော်ဝါရီလ ၁၄
စစ်ဒဏ်ကြောင့် ပျက်စီးကြေမွလျက်ရှိတဲ့ မြန်မာနိုင်ငံအတွင်း ကော့ခ်ဘဇားနယ်စပ်မှတဆင့် ခိုးထုတ်မယ်လို့ ယူဆရတဲ့ ဟင်းချက်ဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန်များကို ဘင်္ဂလားဒေ့ရှ် လျှပ်တပြက်တိုက်ခိုက်ရေးတပ် ခေါ် RAB က ဖမ်းဆီးရမိလိုက်တယ်လို့ ဒါကာအခြေစိုက် bdnews24 ဒဟ်ဂျစ်တယ်သတင်းစာက ယနေ့ ရေးသားပါတယ်။
တနင်္လာနေ့ည စစ်တကောင်းနယ်မြေ ဟတ်တီယာဂိုနာရှိ ကြက်ခြံတစ်ခြံမှာ အဲဒီကုန်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်တယ်လို့ RAB ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးရဲ့ အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ် နယ်မြေအများအပြားတို့မှာ တပ်မတော်နဲ့ လက်နက်ကိုင် သူပုန်တို့အကြား ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် တက္ကနဖ်မှတဆင့် တရား၀င်ကုန်သွယ်မှုများ ရပ်တန့်နေ ပါတယ်။
အခြေအနေကို အခွင့်ကောင်းယူပြီး မှောင်ခိုအုပ်စုတို့ဟာ မြန်မာနိုင်ငံအတွင်း ရောင်းချမယ့်ကုန်ပစ္စည်းများကို မော်တော်ယာဉ်မှာ တင်ဆောင်ထားခြင်းဖြစ်တယ်လို့ RAB က ဆိုပါတယ်။
RAB ရဲ့ စစ်ဆင်ရေးမှာ အသက် ၂၄ နှစ်နဲ့ ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး တက္ကနဖ်ရဲစခန်းမှာ အမှုဖွင့်လှစ်ထားကြောင်း သိရှိရပါတယ်။
အဗ္ဗဒူလ်_ရာမန်ဆိုသူရဲ့ နေအိမ်ကို ပိတ်ဆို့ဝိုင်း၀န်းစဉ် ထွက်ပြေးရန်ကြိုးစားသူ ၅ ဦးခန့်ရှိပြီး ၎င်းတို့အနက် ယခု ၂ ဦးက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ ၂၄ နှစ်အရွယ်ရှိသူဟာ အဗ္ဗဒူရာမန်ရဲ့ သားဖြစ်ကြောင်း၊ အဲဒီနောက်ပိုင်း ဘာရှာရဲ့ ကြက်ခြံအတွင်းမှ ပဲပိစပ်ဆီ ၄,၄၇၀ လီတာ ၊ ဂျုံမှုန့် ၅၀၀ ကီ လိုဂရမ်နဲ့ ဆေးဝါးမျိုးစုံ ၁၃၆,၅၅၀ ခုတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အဆိုပါ မှောင်ခိုသမားတွေဟာ မြန်မာနိုင်ငံဘက်မှ တရားမဝင် မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရ်ှမှ အစားအသောက်အပြင် ဆေးဝါးများနဲ့ လဲလှယ်မှောင်ခိုနေသူများဖြစ်တယ် RAB က ပြောပါတယ်။
#စစ်ဒဏ်ကြောင့်ဖရိုဖရဲဖြစ်လျှက်ရှိသည့်မြန်မာနိုင်ငံ #တက္ကနဖ် #ဘင်္ဂလားဒေ့ရ်ှမှောင်ခိုကုန် #မူးယစ်ဆေးဝါး
(bdnews24., 14 February 2024,” Bangladesh seizes cooking oil, medicines hoarded for ‘smuggling into war-torn Myanmar’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ဒဂုံမြို့နယ်တွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးကာ ဖုန်းလုယက်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ