နှစ်သစ်ကူး အိမ်ပြန်မယ့်လူငယ်တွေအတွက် ဆွေမျိုးတွေရဲ့ အမေးစကားတွေကို ဆရာကျစွာ ပြန်ဖြေနိုင်ဖို့ လေ့ကျင့်ပေးတဲ့ AI ဂိမ်းကို တရုတ်ကဖန်တီး
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁ဝ
ယခုသီတင်းပတ်ကုန် တရုတ်နှစ်သစ်ကူးအတွက် အိမ်ပြန်ကြမယ့် တရုတ်လူငယ်တွေအတွက် အိမ်မှာ ဆွေမျိုးတွေဆုံတဲ့အခါ ဆွေးမျိုးတွေရဲ့မေးနေကြ မဖြေချင်စရာမေးခွန်းတွေကို ဆရာကျကျ ပြန်ဖြေနိုင်ဖို့ လေ့ကျင့်ပေးတဲ့ AI chatbot ဂိမ်းတစ်ခုကို တရုတ်က စတင်မိတ်ဆက်လာပါတယ်။
တရုတ်နှစ်ကူးဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးပွဲတော်ဖြစ်ပြီး မိသားစုတွေ စုဝေးကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ နှစ်စဉ်ဆွေမျိုးတွေနဲ့ မေးနေကြမေးခွန်းတွေဖြစ်တဲ့ "လစာဘယ်လောက်ရလဲ" "ရည်းစားမရသေးဘူးလား" "ဘယ် တော့လက်ထပ်မှာလဲ" ဆိုတဲ့ မေးခွန်းတွေဟာ လူငယ်တွေအတွက် အကြပ်ရိုက်စရာဖြစ်ရပါတယ်။
ဒီလိုဆွေမျိုးတွေရဲ့ မေးခွန်းတွေကို ဆရာကျကျပြန်ဖြေနိုင်အောင် လေ့ကျင့်ပေးဖို့ Epic Showdown- New Year Reunion အမည်ရှိ AI chatbot ကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ Epic Showdown- New Year Reunion ဟာ ဇန်နဝါရီလကုန်က ထွက်ရှိပြီး တစ်ပတ်အတွင်း အသုံးပြုသူ သုံးသန်းကျော်ရရှိခဲ့ပါတယ်။ ဂိမ်းမှာ စူးစမ်းတတ်ခြင်း၊ မနှစ်သက်ခြင်း၊ ဂရုစိုက်ခြင်းစတဲ့ ကာရိုက်တာအမျိုးမျိုးနဲ့ ဆွေမျိုး ၁၀ ဦးကို သရုပ်ဖော်ထားပါတယ်။ ဒီဂိမ်းဟာ လူကြိုက်များလွန်းလို့ ဆာဗာတွေတောင် ပျက်ကျရတဲ့ထိတောင် ဖြစ်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးအပ်ဟု နစက ထုတ်ပြန်
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ