ဧရာဝတီတိုင်းမှ PDF အဖွဲ့ဝင် (၄)ဦး လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာဟု နစက ထုတ်ပြန်
Pearl (NSS) - ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းမှ PDF အဖွဲ့ဝင် (၄)ဦး လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည်ဟု နစက မှ သတင်းထုတ်ပြန်ထားသည်။
ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးတို့သည် M-4 အမျိုးအစား မောင်းပြန်ရိုင်ဖယ် (၁) လက်၊ Glock ပစ္စတို (၁)လက်၊ Zoraki ပစ္စတို(၁) လက်တို့နှင့်အတူ ဥပဒေဘောင် အတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း နစကမှ အသိပေးထားသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံခြင်းအခမ်းအနားကို ယမန်နေ့ (ဖေဖော်ဝါရီလ ၉ ရက်)က ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများသည် ၎င်းတို့နှင့် အတူပါလာသော လက်နက်များကို တာဝန်ရှိသူထံ အပ်နှံခဲ့ရာ M-4 အမျိုးအစား မောင်းပြန်ရိုင်ဖယ် (၁) လက်အတွက် ဆုကြေးငွေ ကျပ်သိန်း (၅၀)၊ Glock ပစ္စတို (၁) လက်အတွက် ဆုကြေးငွေ ကျပ်သိန်း(၂၀)၊ Zoraki ပစ္စတို (၁) လက်အတွက် ကျပ်သိန်း(၂၀)၊ စုစုပေါင်းကျပ်သိန်း(၉၀)နှင့် ထောက်ပံ့ ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေး အပ်ခဲ့ကြောင်း နစကမှ ဆိုသည်။
ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား၌ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက် နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်လည်း ဂုဏ်ပြုချီးမြှင့် ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်သစ်ကူး အိမ်ပြန်မယ့်လူငယ်တွေအတွက် ဆွေမျိုးတွေရဲ့ အမေးစကားတွေကို ဆရာကျစွာ ပြန်ဖြေနိုင်ဖို့ လေ့ကျင့်ပေးတဲ့ AI ဂိမ်းကို တရုတ်ကဖန်တီး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း