မြန်မာနိုင်ငံက အဓိကအင်အားကြီးနိုင်ငံများအတွက် အားပြိုင်ရာ ကွင်းတစ်ခုဖြစ်လာနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁ဝ
ဒေသတွင်း နိုင်ငံများကြားတွင် မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများအတွက် အားပြိုင်ရာကွင်းတစ်ခု ဖြစ်လာနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukaraက ပြီးခဲ့သော လအတွင်း ဆွတ်ဇာလန်နိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်နားချိန်အတွင်းပြုလုပ်သည့် Diplomacy Dialogue အစည်းအဝေးတွင်ပြောဆိုခဲ့ဖူးကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရေး ပဋိပက္ခများသည် လက်ရှိအချိန်တွင် အဆုံးသတ်ရန် အလားလာမရှိသေးကြောင်း၊ ဒေသအတွင်းနိုင်ငံများ ကြား စိုးရိမ်စရာကောင်းသောအချက်တစ်ခုက မြန်မာ နိုင်ငံ အစိတ်စိတ်အမြွာမြွာ ကွဲလာမှုတိုးလာခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့သည်။
၎င်းက "ဒေသအတွင်းနိုင်ငံများကြား စိုးရိမ်စရာ ဖြစ်လာတာက မြန်မာနိုင်ငံဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်လာနေတာဖြစ်သလို အင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်တဲ့ကွင်းတစ်ခုဖြစ်လာနေတယ်"ဟု ပြောဆိုခဲ့ဖူးသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာတိမ်းရှောင်နေသူများကိုအကူညီပေးနိုင်မည့် လူသားချင်း ဆိုင်ရာ စာနာမှုအကူညီပေးရေး အစီစဉ်ကို ဦးဆောင် လုပ်ကိုင်နေရာ ဖေဖော်ဝါရီလ ၈ ရက်တွင် တက်ပြည်နယ် မဲဆောက်မြို့သို့ သွားရောက်စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်နေသူ များအား အကူညီပေးမည့်အစီစဉ်ကို တစ်လအတွင်း စတင်လုပ်ကိုင်ပေးနိုင်မည်ဟု မျှာ်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
"ကျွန်တော်တို့ဟာ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ စတင်လုပ် ဆောင်တာမျိုးမဟုတ်ဘဲ အခြားပြည်သူတွေနဲ့ စတင် မယ်ဆိုရင်တောင် နောက်ဆုံးမှာ မြန်မာအစိုးရနဲ့ ပြန် လည်ဆက်ဆံ ထိတွေ့စတင်ရတာမျိုးတွေ ရှိလာနိုင် တယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှာမဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးကိစ္စတွေမှာ ကူညီပေးနိုင်ဖို့သာ ဖြစ်တယ်"ဟု ၎င်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧရာဝတီတိုင်းမှ PDF အဖွဲ့ဝင် (၄)ဦး လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာဟု နစက ထုတ်ပြန်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း