(၂)လတာကာလအတွင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား (၃၅၀ဝဝ)ကျော် အခွန်ထမ်းဆောင်ထား
ယွန်း (NSS) - ဖေဖော်ဝါရီ ၁ဝ
ဘန်ကောက်ရှိ မြန်မာသံရုံး၌ နေ့စဉ်အခွန်ထမ်း ဆောင်သူဦးရေ ပျမ်းမျှ (၁၀ဝဝ)ခန့်ရှိနေကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ဖေဖော်ဝါရီလ(၉)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအား အခွန် စတင်ကောက်ခံသည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် အထိ (၃၅၉၁၉)ဦး အခွန်ထမ်းဆောင်ခဲ့ပြီး အခွန် ထမ်းဆောင်ရာ၌ အခွန်ပေးသွင်းမှုအထောက် အထား(ငွေရပြေစာ)ကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်၌ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတွင် အဆိုပါငွေရပြေစာကို ပြသ၍ ငွေဖြူ(အခွန်ကင်းလွတ်ခွင့်ငွေ) တွက်ချက်ပြီး မြေကွက်၊ နေအိမ်၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ ဝယ်ယူရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိရေးအတွက် အသုံးပြုနိုင်ကြောင်း သံရုံးက ဆိုထားသည်။
စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ပနေ မြန်မာနိုင်ငံသားများ၏ ပြည်ပတွင်ရရှိသည့် လစာ ဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ် ပြန်ပြီးနောက်ပိုင်းတွင် အထက်ပါကဲ့သို့ ဝင်ငွေခွန်များ ကောက်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနက် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု လုပ်ငန်း၊ အထွေထွေလုပ်သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀ဝ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ၁၅၀ ဘတ် လစဉ်ပေး သွင်းရန် သံရုံးက ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ရောက်ရှိနေသည့် မြန်မာလုပ်သားဦးရေ စုစုပေါင်းသည် ခန့်မှန်းအားဖြင့် (၅)သန်းခန့်ရှိနေပြီး တရားမဝင် သွားရောက်မှုများသည် ပိုမိုများပြားလက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံက အဓိကအင်အားကြီးနိုင်ငံများအတွက် အားပြိုင်ရာ ကွင်းတစ်ခုဖြစ်လာနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း