စင်ကာပူမှာ တရုတ်နှစ်သစ်ကူးကာလအတွင်း အထွေထွေရောဂါကုဆေးခန်းပေါင်း ၁ဝဝဝ နီးပါး ဖွင့်လှစ်ထား
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁ဝ
စင်ကာပူမှာ တရုတ်နှစ်သစ်ကူး အစိုးရရုံးပိတ်ရက်တွေမှာ အထွေထွေရောဂါကုဆေးခန်း စုစုပေါင်း ၉၉၃ ခု ဖွင့်လှစ်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (MOH) က ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါဆေးခန်းများအနက် ၁၇ ခုဟာ ဖေဖော်ဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ ပွဲတော်ကာလအတွင်း တစ်ရက်ကို ၂၄ နာရီ ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။ "ပွဲတော်ကာလအတွင်း နေမကောင်းတဲ့ကလေးတွေ အပါအဝင် အသေးစား အခြေအနေတွေအတွက် သူတို့ရဲ့အဆိုပါဆေးခန်းတွေကို သွားဖို့ တိုက်တွန်းပါတယ်” လို့ MOH က ထုတ်ပြန်ထားပါတယ်။
"ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝခြင်းနဲ့ သွေးထွက်လွန်ခြင်းလို ပြင်းထန်တဲ့ (သို့မဟုတ်) အသက်အန္တရာယ်ရှိ တဲ့ အရေးပေါ်အခြေအနေတွေမှာသာ ဆေးရုံရဲ့မတော်တဆမှုနဲ့ အရေးပေါ်ဌာနမှာ ဆေးကုသမှုခံယူရမှာ ဖြစ်တယ်" လို့ ဝန်ကြီးဌာနက သတိပေးထားပါတယ်။
တရုတ်နှစ်သစ်ကူးအားလပ်ရက်ဟာ ဖေဖော်ဝါရီလ ၁ဝ ရက်မှစကာ ဖေဖော်ဝါရီ ၁၇ ရက်ထိ ရှည်ကြာမှာ ဖြစ်ပါတယ်။ လာမယ့် တရုတ်နှစ်ဟာ တရုတ်လူမျိုးတွေရဲ့အကြီးကျယ်ဆုံးနှစ်အဖြစ် ယူဆထားတဲ့ နဂါးနှစ် ကျရောက်မှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Blackpink အဖွဲ့ဝင် လီဆာ ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း