Blackpink အဖွဲ့ဝင် လီဆာ ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁ဝ
ထိုင်းနိုင်ငံဖွား၊ တောင်ကိုရီးယား နာမည်ကျော် အမျိုးသမီး K POP အဖွ့ဲ Blackpink ရဲ့ အဖွဲ့ဝင် လီဆာဟာ သူမရဲ့ ကိုယ်ပိုင်ဖျော်ဖြေရေးကုမ္ပဏီ Lloud ကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်မှာ ကြေညာခဲ့ ပါတယ်။
လီဆာ က အနက်ရောက်ကုတ်၊ အဖြူရောင်ရှပ်အင်္ကျီနဲ့ ရိုက်ကူးထားတဲ့ အဖြူအမည်းပုံတစ်ပုံနဲ့အတူ "ဂီတနဲ့ ဖျော်ဖြေရေးတွေမှာ ကျွန်မရဲ့သီချင်းတွေနဲ့၊ လှုပ်ရှားမှုတွေကို ကြည့်ရှုနိုင်မယ့် ပလက်ဖောင်းတစ်ခု Lloud နဲ့ မိတ်ဆက်လိုက်ပါတယ်။ နယ်ပယ်အသစ်တွေကို အတူတူဖြတ်ကျော်ဖို့ ဒီစိတ်လှုပ်ရှားစရာကောင်းတဲ့ခရီးစဉ်မှာ လက်တွဲပါဝင်လိုက်ပါဦး" လို့ ရေးသားကာ သူမရဲ့ကုမ္ပဏီကို စတင်မိတ်ဆက်ခဲ့ပါတယ်။
သူမရဲ့ Lloud ဝက်ဆိုက်ဒ်ဟာလည်း စတင်ဖွင့်လှစ်ပြီးမကြာခင် Spotify ရဲ့ Billions Club မှာ stream ၁ ဘီလျံ ရခဲ့ပါတယ်။ Lloud ဖန်တီးမှုကို အမေရိကန်ရှိ TCL ပြင်ပ၊ တရုတ်ပြဇာတ်ရုံတစ်ခုနဲ့ စင်ကာပူရှိ Paya Lebar အနီးရှိ အခြားတစ်ခု အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကြော်ငြာဘုတ်များမှလည်း ကြေညာခဲ့ပါတယ်။
လီဆာဟာ ဂျင်းနီပြီးရင် ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်တဲ့ ဒုတိယမြောက် Blackpink အဖွဲ့ဝင်ဖြစ်ပါတယ်။ အခြားအဖွ့ဲဝင်တစ်ဦးဖြစ်တဲ့ ဂျီဆိုး ကတော့ သူမရဲ့အစ်ကိုအေဂျင်စီ Blissoo နဲ့ လက်မှတ်ရေးထိုးထားပြီး Rose ကတော့ သူမရဲ့အနာဂတ်အစီအစဉ်တွေကို မကြေညာသေးဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားတွင် မြန်မာရေလုပ်သားတစ်ဦး ပင်လယ်အတွင်း မတော်တဆပြုတ်ကျသေဆုံးခဲ့ရာ စက်လှေ(၁၀)စီးဖြင့် အပူတပြင်းရှာဖွေနေ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ