ဥရောပသမဂ္ဂ၏မူဝါဒများကို မကြိုက်နှစ်သက်သည့်အတွက်ဆန္ဒပြသော နိုင်ငံများထဲတွင် စပိန် လယ်သမားအုပ်စုများ ပါဝင်လာ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၇
စပိန်နိုင်ငံ၏ လယ်သမားများသည် ဥရောပသမဂ္ဂ၏ စည်းကမ်းများကို မကျေနပ်သည့်အတွက် ဆန္ဒပြ သောနိုင်ငံများထဲတွင် ပါဝင်လာခဲ့ကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ တင်းကြပ်သောစည်းကမ်းများကြောင့် ကုန်ကျစရိတ်မြင့်တက်ခြင်း၊ အခွန်ကောက်ခံမှု မြင့်တက်ခြင်းများကြောင့် ဥရောပတိုက်ရှိနိုင်ငံများ၏ လယ်သမားများသည် ဖေဖော်ဝါရီလအစောပိုင်း တည်းက ဆန္ဒပြလာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းတွင် ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ နှင့် အခြားဥရောပနိုင်ငံများဆန္ဒပြခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် စပိန်လယ်သမားများက နိုင်ငံတဝှမ်းရှိ အဓိကအမြန်လမ်းများကို ထွန်စက်များဖြင့်ပိတ်ဆို့ကာ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သော စပိန်လယ်သမားတစ်ဦးက " ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့လယ်သမားတွေကြား မတူညီတဲ့ စည်းကမ်းမျိုးတွေတွေ့ကြုံနေရတယ်" ဟု ပြောသည်။
စပိန်စိုက်ပျိုးရေးဝန်ကြီးဌာနက အစိုးရအနေဖြင့် ယူကရိန်း နှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲ၏ သက်ရောက်မှုဒဏ်၊ မိုးခေါင်ရေရှားမှုဒဏ်ကို ရင်ဆိုင်ခဲ့ရသောလယ်သမားများအတွက် အမေရိကန် ဒေါ်လာ ၂၈၉ သန်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံမဟုတ်သော နိုင်ငံများ (သို့မဟုတ်) လက်တင်အမေရိကနိုင်ငံများမှ စိုက်ပျိုး ရေးထုတ်ကုန်များကို ယှဉ်ပြိုင်နိုင်ရန်အတွက် ၎င်းတို့၏ လုပ်နိုင်စွမ်းကို ထိခိုက်စေသာ မူဝါဒများကို ဥရောပသမဂ္ဂအဖွဲ့က ချမှတ်ခဲ့ကြောင်း လယ်သမားများက ဝေဖန်ပြစ်တင်ခဲ့သည်။ စပိန်နိုင်ငံတွင် မိုးခေါင်ရေရှားမှုဒဏ်၊ ယူကရိန်းစစ်ပွဲ၏ သက်ရောက်မှုဒဏ်ကို လယ်သမား ၁၄ဝဝဝဝ ကျော် တွေ့ကြုံ ခံစားခဲ့ရကြောင်း သိရသည်။
ဥရောပတိုက်တွင် ဥရောပသမဂ္ဂ၏မူဝါဒများကို မကြိုက်နှစ်သက်သည့်အတွက် ဆန္ဒပြသော လယ်သမားများအရေအတွက် ပိုမိုများပြားလာဖွယ်ရှိနေကြောင်း ဥရောပအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွတ်ခိုင်မြို့၌ TNLA ကို မြို့ခံကချင်တိုင်းရင်းသားများကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့က စာထုတ်ကန့်ကွက်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း