ကွတ်ခိုင်မြို့၌ TNLA ကို မြို့ခံကချင်တိုင်းရင်းသားများကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့က စာထုတ်ကန့်ကွက်
သုတကျော် (NSS) - ဖေဖော်ဝါရီ ၇
TNLA က ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တွင် ကချင်တိုင်းရင်းသားများ၏ အိမ်အတွင်းမှ ကချင်အလံများကို ဆွဲဖြုတ်ခြင်း၊ တိုင်ကိုကန်ခြင်း၊ ခြိမ်းခြောက်ခြင်းများစသည်တို့ပြုလုပ်ခဲ့သည့် အပြင် အာဏာရှင်ဆန်ဆန် အမိန့်ပေးဆက်ဆံခဲ့သည့်အပေါ် ကွတ်ခိုင်မြို့နေ ကချင်တိုင်း ရင်းသားများကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့က ဖေဖော်ဝါရီလ ၆ ရက်၊ ရက်စွဲဖြင့် စာထုတ်ကာ ကန့်ကွက်ရှုံ့ချခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က ကချင်အမျိုးသား တော်လှန်ရေးနေ့ကို ကွတ်ခိုင်မြို့တွင် ကျင်းပရန်ပြင်ဆင်နေစဉ် TNLA က တားဆီးနှောက်ယှက်ခြင်း၊ အဆိုပါနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့နေ ကချင်တိုင်းရင်းသားများက မိမိတို့ ခြံဝန်းအတွင်း ကချင်အလံကို တစ်နေ့တာ လွှင့်ထူထားစဉ် အထက်အမိန့်အရဟုဆိုကာ TNLA က ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ အလံတိုင်ကို ချိုးဖျက်၊ ဆွဲဆုတ်၊ ဖြုတ်ချ၊ ယူဆောင်သွားခြင်း နှင့် အလံတိုင်ကို ခြေဖြင့် ကန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း အထက်ပါစာတွင် ဖော်ပြထားသည်။
ထို့ပြင် ကွတ်ခိုင်မြို့ကို TNLA အဖွဲ့က တိုက်ယူထားသည်ဟု ပြောဆိုကာ ပြည်သူကို အာဏာရှင် ဆန်ဆန် အမိန့်ပေးဆက်ဆံခြင်း၊ “လက်သုံးချောင်း ထောင်တာလည်း ငါတို့ TNLA အောက်မှာပဲ နေရမယ်”ဟု ပြောဆိုခြင်း၊ လက်နက်မဲ့ ပြည်သူများကို သေနတ်မောင်း တင်၊ ချိန်ရွယ်ခြိမ်းခြောက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်းလည်း စာတွင် ရေးသားထားချက်အရသိရကာ ထိုသို့ ဆောင်ရွက်ခဲ့သည့်အတွက် ကွတ်ခိုင်မြို့နေ ကချင်အမျိုးသားထု တစ်ရပ်လုံးကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့မှ ကန့်ကွက်ရှုံ့ချကြောင်း ဖော်ပြထား သည်။
“ကျွန်တော်တို့ အနေနဲ့ကတော့ အဓိကတော့ တရားနည်းလမ်းတကျလေးပေါ့။ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်ဖို့ အားလုံးက တာဆူနေတဲ့အချိန်မှာ ဦးဆောင်နေတဲ့ လူတွေကလည်း ပြည် သူလူထုနဲ့ တသားတည်းဖြစ်အောင်ပေါ့။ ဒေသအတွင်းမှာ အတူယှဉ်တွဲ နေထိုင်ရေးလည်း အရေးကြီးတယ်ပေါ့။ ဦးဆောင်တဲ့သူကလည်း တစ်ယောက်နဲ့ တစ်ယောက် တိုင်းရင်းသား အချင်းချင်း တန်ဖိုးထားဖို့ လိုတာပါ”ဟု ကွတ်ခိုင်ကချင်တမန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ TNLA ဘက်က ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်လာခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားသိပ္ပံ နှင့် နည်းပညာတက္ကသိုလ်၌ ဖွင့်လှစ်ပို့ချမည့် အခြေခံကျောက်မျက်ပညာသင်တန်းကို မြန်မာနိုင်ငံသားများ အခမဲ့တက်ရောက်နိုင်ဟုဆို
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း