Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပစ်မှတ်ထားတိုက်ခိုက်မည့်သင်္ဘောများကို ဆုံးဖြတ်နိုင်ရန် ဟူသီလက်နက်ကိုင်အဖွဲ့ကို အီရန်နိုင်ငံက ကူညီပေးနေကြောင်း အမေရိကန်အကြီးတန်းသံတမန်တစ်ဦး ဝေဖန်ပြောဆို

Pika (NSS) - ဖေဖော်ဝါရီ ၇

ပင်လယ်နီအတွင်းရှိ မည်သည့်သင်္ဘောက ပိုမိုအကျိုးအမြတ်များသည့် ပစ်မှတ်ဖြစ်သည်ဆိုသောအချက်ကို ဆုံးဖြတ်နိုင်ရန်အတွက် ဟူသီလက်နက်ကိုင်အဖွဲ့ကို အီရန်နိုင်ငံက ကူညီပေးနေကြောင်း အမေရိကန်အကြီးတန်း သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ 


ယီမင်နိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် တင်မ်လန်ဒါကင်းက "အီရန်နိုင်ငံဟာ ဟူသီလက်နက်ကိုင်အဖွဲ့ကို အကူအညီတွေ၊ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ၊ ဘယ်သင်္ဘောက ပိုမိုအကျိုးအမြတ်ရှိတဲ့ ပစ်မှတ်ဆို တာတွေကို ဆုံးဖြတ်ဖို့တွေ ကူညီပေးနေတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်" ဟု ပြောခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်ကတည်းက နိုင်ငံတကာနှင့် ကုန်သွယ်ရေး သင်္ဘောလမ်းကြောင်းများကို အကြိမ်(၄ဝ)ကျော် တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။ 


ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့်အနေဖြင့် အစ္စရေးသို့သွားမည့် သင်္ဘောများ (သို့မဟုတ်) အစ္စရေးနှင့်ဆက်နွယ်နေသော သင်္ဘောများကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီ လက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။

သို့သော်လည်း ဟူသီလက်နက်ကိုင်အဖွဲ့သည် ဒေသတွင်းတွင် အစ္စရေးနှင့်ဆက်နွယ်ခြင်းမရှိသော သင်္ဘောများ အပြင် အမေရိကန် နှင့် ဗြိတိန်တို့၏ စစ်သင်္ဘောများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

တင်မ်လန်ဒါကင်းသည် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက် ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများအား ရပ်တန့်စေမည့် နည်းလမ်းများကိုရှာဖွေရန်အတွက် ယခုသီတင်းပတ်အတွင်း ပင်လယ်ကွေ့ဒေသသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်က ပြောခဲ့သည်။

တင်မ်လန်ဒါကင်းသည် ဒေသအတွင်းတွင် တင်းမာမှုအရှိန်များလျှော့ချရန်၊ ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု များကို ရပ်တန့်ရန် နှင့် ယီမင်နိုင်ငံရှိ ပြည်သူများအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိစေရန်နှင့် ပတ်သက်ပြီး အာရုံစိုက်မှုများကို ပြန်လည်လုပ်ဆောင်ရန်အတွက် ဒေသဆိုင်ရာသံတမန်များနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဟူသီလက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များသည် ယီမင်ပြည်သူများကို ထိခိုက်စေရုံသာမက နိုင်ငံ၏ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေကြောင်း  တင်မ်လန်ဒါကင်းက ထပ်မံပြောကြားခဲ့သည်။ ၎င်းက "ဒီလိုလုပ်ရပ် တွေက ဒေသတွင်းမှာ အကူအညီပေးနေတဲ့သူတွေကို မောင်းထုတ်လိုက်တာနဲ့ တူတူပါပဲ" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သမ္မတဟောင်းသေဆုံးဟု ချီလီအစိုးရ သတင်းထုတ်ပြန်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved