Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းအတိုက်အခံအမတ်များကို ရာသက်ပန် တားမြစ်အပြစ်ပေးရန် ပန်ကြားလွှာ တင်သွင်းခံရ

Htay Oung (NSS) - ဖေဖော်ဝါရီ ၃

အတိုက်အခံ “ရှေ့သို့ချီ” MFP ပါတီမှ လွှတ်တော်အမတ် ဒါဇင်ပေါင်းများစွာတို့ကို ရာသက်ပန် တားဆီး ပိတ်ပင်ရန် ထိုင်းနိုင်ငံတက်ကြွလှုပ်ရှားသူတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး ပန်ကြားလွှာ တင်သွင်းလိုက်ကြပါတယ်။ 


ဘုရင်စနစ်ကို စော်ကားခြင်းအတွက် ပြင်းထန်တင်းကြပ်တဲ့ ဥပဒေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် ကြိုးပမ်းနေတဲ့ လူကြိုက်များ အတိုက်အခံတို့အပေါ် ဆက်တိုက်တားဆီးမှုများအနက် နောက်ဆုံးဖြစ်လာ ကြောင်း ရိုက်တာ သတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၂ ရက်ကရေးသားပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်၊ ဘုရင်မ၊ နန်းမွေဆက်ခံသူ သို့မဟုတ် ရင်ခွင်ပိုက်အုပ်ချုပ်သူအပေါ် စော်ကားခြင်း၊ အသရေဖျက်ခြင်း၊ ခြိမ်းခြောက်ခြင်းအပါအ၀င် လူမှုကွန်ရက်မှာ ရှု့ဒေါင့်တစ်ခုခုမှ ဝေဖန်သူ မျှဝေသူတို့ဟာ ကြီးလေးတဲ့ ပြစ်ဒဏ်ချ မှတ်ခံရနိုင်ပါတယ်။ ထောင်ဒဏ် ၃ နှစ်၊ ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ပါ ပြင်ဆင်ချက်ကို ပြန်လည်သုံးသပ်ရန် MFP ပါတီရဲ့ အဆိုပြုချက်ဟာ ဘုရင်စနစ်အပေါ် ဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် စွန့်လွှတ်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ 

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘုရင်မင်းမြတ်ကို ရိုသေလေးမြတ်ထိုက်တဲ့ အနေအထားမှာ ပြဋ္ဌာန်းထားပြီး တော်ဝင်ဝါဒီများအနေနဲ့ ဘုရင့်နန်းတော်ကို အထွတ်အမြတ်အဖြစ် ယူဆကြပါတယ်။ ၁၉၀၈ ခုနှစ် ခေတ်မီ ထိုင်းနိုင်ငံအဖြစ် ပြောင်းလဲစကတည်းက တည်ရှိခဲ့တဲ့ အဲဒီဥပဒေဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းလာခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် သမ်မာဆက် တက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင် ဆမ်နမ်လန့်ဥယျာဉ်ကို သိမ်းပိုက်ပြီး ကန့်ကွက်ဆန္ဒပြနေသူများကို ထိုင်းရဲနဲ့ စစ်တပ်တို့က ချေမှုန်းရေးရိုင်ဖယ်၊ လက်ပစ်ဗုံး နဲ့ သံချပ်ကာကားများအသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းခြင်းဖြင့် “အောက်တိုဘာလ ၆ ရက် အစုအပုံလိုက် လူသတ်ပွဲ” ဖြစ်ပေါ်ခဲ့ပါတယ်။ လူပေါင်းထောင်ချီဖမ်းဆီးခဲ့ရာ လူရာချီ အသတ်ခံရကြောင်းသတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ 

ဗီယက်နမ်မှ ကူးစက်လာတဲ့ ကွန်မြူနစ်လှုပ်ရှားမှုအဖြစ် တံဆိပ်ကပ်ပြီး အသာတကြည် ဖမ်းဆီးခံသူများ ကို ပစ်သတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ သေဆုံးပြီး ရုပ်အလောင်းများကို အရှက်ခွဲခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်းများ ကျူးလွန်ခဲ့ပေမယ့် တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိခဲ့ပါဘူး။ အဲဒီနေ့မှာပဲ ထိုင်းစစ်တပ်က အာဏာသိမ်းယူလိုက်ပါတယ်။ အဲဒီနောက် ရက်သတ္တနှစ်ပတ်အကြာမှာ ယခင်ရှိပြီး ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် အမိန့်အမှတ် ၄၂ ကို ထုတ်ပြန်ခဲ့ရာ ဘုရင်စနစ်ကို ဘာသာရေးနဲ့ ဥပမာပေးထားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘုရင်စနစ်ကာကွယ်ရေးဟာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုတွေအတွက် အကြောင်းပြချက်ဖြစ်ယုံမက ၂၀၀၆ ခုနှစ် ရွေးကောက်ခံ ၀န်ကြီးချုပ် သက်ဆင်ရှင်နာ၀ပ်ထရာနဲ့ ၂၀၁၄ ခုနှစ် ၀န်ကြီးချုပ် ရင်လတ်ရှင်နာ၀ပ်ထရာ တို့ကို ဖယ်ရှားရာမှာလည်း ကိုးကားခဲ့ပါတယ်။

MFP ပါတီရဲ့ လုပ်ရပ်ဟာ လူမှုကျင့်၀တ်ပျက်ပြားခြင်းတွေရဲ့ အမွေအနှစ်ပဲလို့ လက်မှတ်ရေးထိုး တောင်းဆိုသူ တစ်ဦးက ပြောပါတယ်။ ပုဒ်မ ၁၁၂ ပါ ပြင်ဆင်ချက်ကို ဘေးချိတ်ဖို့သက်သက် မဟုတ်ပါဘူး၊ ဘုရင်မင်းမြတ်ကို နိုင်ငံတော် အကြီးအကဲအဖြစ်ထားရှိတဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချဖို့ ကြံရွယ်ရာ ရောက်နေပါသေးတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုများကို ဖယ်ရှားခြင်းနဲ့ စစ်တပ်ရဲ့ အမြစ်တွယ်နေတဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို တားဆီးခြင်းအပါအဝင် တိုးတက်တဲ့ မူဝါဒလမ်းစဉ်အတွက် MFP ပါတီဟာ လူငယ်များနဲ့ မြို့ပြထောက်ခံမှုဖြင့် ယမန်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပါတီခေါင်းဆောင် ပစ်ထာလင်ဂျာရွန်ရတ်ကို ၀န်ကြီးချုပ်အမည်စာရင်း တင်သွင်းခြင်းကို ထိုင်းအထက်လွှတ်တော်နဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံးတို့က ဆိုင်းငံခဲ့ပါတယ်။

MFP ပါတီအမတ်များရဲ့ အပြုအမူဟာ ပုဒ်မ ၁၁၂ ပါ တားမြစ်ချက်ကို မကြံကောင်း မစည်ရာ ချိုးဖောက်တယ်လို့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်များအတွက် ဒေါသူပုန်ထစရာ ဖြစ်ခဲ့ပါတယ်။ ဘုရင်သစ္စာခံစစ်တပ်က ခန့်အပ်ထားတဲ့ လွှတ်တော် အမတ်များနဲ့ အစိုးရဖွဲ့စည်းခြင်းမှ တားဆီးတယ်လို့ လည်း ရှု့မြင်ကြပါတယ်။ 

အတိုက်အခံအဖြစ်ရပ်တည်နေပေမယ့် ထိုင်းပါလီမန်မှာ MFP ပါတီဟာ အမတ်အရေအတွက် ၁၄၈ နေရာနဲ့ အများဆုံးဖြစ်ပြီး အင်အားကြီးရှေးရိုးစွဲဝါဒီများ၊ ငွေရှင်ကြေးရှင် မိသားစုများနဲ့ စစ်ဗိုလ်ချုပ်များရဲ့ အကျိုးစီးပွား ထူထောင်ရေးကို ဆန့်ကျင်ပါတယ်။ သောကြာနေ့ ပန်ကြားလွှာဟာ MFP ပါတီအမတ် ၄၄ ဦးကို ပစ်မှတ်ထားပြီး လက်ရှိ ၂၉ ဦးနဲ့ ယခင် ၁၅ ဦးတို့ ပါ၀င်ပါတယ်။ တံစိုးလက်ဆောင်ရယူမှု ပြဋ္ဌာန်းချက်ကို ကျော်လွန်ပြီး တင်သွင်းလာတဲ့ ပန်ကြားလွှာအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အနေနဲ့ လက်ခံခြင်း ရှိ-မရှိဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး၊ ရက်ပေါင်း များစွာအတွင်း ပါတီအပေါ် ဒုတိယအကြိမ်မြောက် တိုင်ကြားမှုကို ဘယ်လို စုံစမ်းစစ်ဆေးမယ်ဆို တာလည်း မသိရှိနိုင်သေးပါဘူး။

ကြာသပတေးနေ့မှာ တက်ကြွလှုပ်ရှားသူရှေ့နေတစ်ဦးက ဝန်ကြီးချုပ်တစ်ဦးအပါအဝင် နိုင်ငံရေး သမားများကို ဖယ်ရှားရန် ပန်ကြားလွှာ စာတင်ခဲ့ဖူးပါတယ်။ MFP ပါတီကို ဖျက်သိမ်းပြီး ပါတီရဲ့ ခေါင်းဆောင်မှုကို တားဆီးရန်လည်း တောင်းဆိုခဲ့ပါတယ်။ သောကြာနေ့ MFP ပါတီ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ပါတီမူဝါဒများထဲမှာတော့ ဘုရင်စနစ်ဆိုင်ရာ ဥပဒေပြင်ဆင်ရေးအချက်များ ပါဝင်ခြင်း မရှိတော့ပါဘူး။

"ကျွန်မတို့အနေနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ အသင့်ဖြစ်နေပါပြီ၊ ဥပဒေများကို ပြန်လည်သုံးသပ်ရေးဟာ ဥပဒေပြု အမတ်များရဲ့ တာဝန်ဖြစ်ပါတယ်" လို့ MFP ပါတီ လက်ထောက်ခေါင်းဆောင် သီရိကန်ယာတန် ဆာကူက သတင်းထောက်များ မေးခွန်းကို မှတ်ချက်ချက်ပေးပါတယ်။ "ကျင့်ဝတ်စံနှုန်းတွေကို ချိုးဖောက် တာ မဟုတ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားတွေရှိလို့ ကျွန်မတို့ စိတ်မပူပါဘူး"လို့ ပြောပါတယ်။

(Reuters., 2 February 2024,” Thai opposition hit by fresh legal challenge as activists seek life bans” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပကာသနများနှင့် For Show များကို ဦးစားမပေးဘဲ အကျိုးရှိသည့်လုပ်ငန်းများကိုဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved