ပကာသနများနှင့် For Show များကို ဦးစားမပေးဘဲ အကျိုးရှိသည့်လုပ်ငန်းများကိုဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
Pearl (NSS) - ဖေဖော်ဝါရီ ၃
ပကာသနများနှင့် For Show များကို ဦးစားမပေးဘဲအကျိုးရှိသည့်လုပ်ငန်းများကို ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
၎င်းက ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးသို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များကလည်း video conferencing ဖြင့် တက်ရောက်ကြကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခင်တာဝန် ထမ်းဆောင်ခဲ့သည့် ကာလများအတွင်း အပြောင်းအလဲအချို့ရှိခဲ့သော်လည်း ချမှတ်ထားသည့် မူဝါဒများ ပြောင်းလဲမှုမရှိဘဲဆောင်ရွက်ခဲ့ရာ အခက်အခဲအကျပ်အတည်းများကြားမှ အတိုင်းအတာတစ်ခုအထိ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် မှတ်တမ်းတင်ကြောင်း ပြောကြားခဲ့သည်။ မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်သော်လည်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
For Show များကို ဦးစားမပေးဘဲ အကျိုးရှိသည့်လုပ်ငန်းများကိုဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
ထို့ပြင် နိုင်ငံတော်ဘဏ္ဍာငွေများကို အကျိုးရှိစွာဖြင့်အသုံးချရန်လိုအပ်ပြီး ပကာသနများနှင့် For Show များကို ဦးစားမပေးဘဲ ထိရောက်အကျိုးရှိသည့်လုပ်ငန်းများကိုဆောင်ရွက်ရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။ အခွန်အကောက်များအပြည့်အဝရရှိမှသာ တိုင်းဒေသ ကြီး နှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် သက်ဆိုင်သည့် ဌာနများအနေဖြင့် စနစ်တကျ ပြည့်ဝစွာကောက်ခံရရှိရေး ဆောင်ရွက်ရန် ၎င်းက တိုက်တွန်း ပြောကြားခဲ့ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်နိုင်ငံ၌ အခက်အခဲများနှင့်ကြုံတွေ့နေရသော မြန်မာအမျိုးသမီး (၃)ဦး နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း