Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရှ်က အိန္ဒိယမှ အာလူး တန်ချိန် သုံးသောင်းကျော်ကို နယ်စပ်ဂိတ်မှတင်သွင်းမည်

Htay Oung (NSS) - ဖေဖော်ဝါရီ ၃

လက်ကျန်အာလူးစျေးနှုန်းကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အိန္ဒိယမှ အာလူးတန်ချိန် ၃၄၀၀၀ ကို ဟီလီနယ်စပ်ကုန်သွယ်ဂိတ်မှတဆင့် တင်သွင်းရန် ခွင့်ပြုလိုက်ပြီလို့ ဒါကာထရီဗြွန်းသတင်းစာက ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ရက်)မှာရေးသားပါတယ်။


ဟင်းသီး ဟင်းရွက်စျေးနှုန်း မြင့်တက်မလာစေဖို့အတွက် အစိုးရက အာလူးတင်သွင်းရန် ဆုံးဖြတ်ထား တယ်လို့ ဟီလီနယ်စပ်ဂိတ် အလုပ်ရုံညစ်ညမ်းမှုထိန်းချုပ်ရေးဌာနမှ လက်ထောက်အရာရှိတစ်ဦးက အတည်ပြုပါတယ်။ ကုန်သည် ၄၉ ဦးတို့က စနေ သို့မဟုတ် တနင်္ဂနွေနေ့လောက်မှာ အာလူးတွေကို စတင်တင်သွင်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

လောလောဆယ် အာလူးလက်လီစျေးဟာ တစ်ကီလိုဂရမ်လျှင် တာကာငွေ ၄၀-၄၅ (အမေရိကန်ဒေါ်လာ ၀.၃၆-၀.၄၁) နဲ့ ရောင်းချနေကြပြီး ယခုနှစ်အတွက် ပုံမှန်ထက် မြင့်မားနေသေးကြောင်း၊ လက်ရှိ အခြေအနေအရ စဉ်းစားကြည့်လျှင် သွင်းကုန်များကို ရမ်ဇာန်ဥပုသ်လမတိုင်မီ စျေးနှုန်းထိန်းချုပ်မှု အချို့ပြုလုပ်ရန် အစိုးရက ဆုံးဖြတ်လိုက်ပုံရတယ်လို့ ခွင့်ပြုချက်ရ ကုန်သည်တစ်ဦးက ပြောပါတယ်။ အိန္ဒိယမှ အာလူးတွေ ဈေးကွက်ထဲရောက်သည်နှင့်အမျှ အာလူးဈေးကျဆင်းလာလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာစီနာအနေနဲ့ ဟနွိုင်းမြို့ကို လာရောက် လည်ပတ်ရန် ဗီယက်နမ်နိုင်ငံက တရား၀င် ဖိတ်ကြားလိုက်ကြောင်း ယနေ့(ဖေဖော်ဝါရီလ ၃ ရက်) ဒါကာထရီဗြွန်းရဲ့ အခြားသတင်းတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ တတိယအကြိမ်မြောက် အီးယူ အင်ဒို-ပစိဖိတ် ၀န်ကြီးများအဆင့် ဖိုရမ်ကျင်းပစဉ် အစည်းအဝေးပြင်ပမှာ ယခုလို ဖိတ်ကြားခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ၅-နှစ်ကြာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်အတွက် ဟနွိုင်းရဲ့ တရား၀င် ဖိတ်ကြားချက်ကို ဗီယက်နမ် နိုင်ငံခြားရေး၀န်ကြီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီး ဒေါက်တာ ဟာဆန်မာမွတ်ထံ ကမ်းလှမ်းလိုက်ခြင်းဖြစ်တယ်လို့ ဒါကာနိုင်ငံခြားရေး၀န်ကြီးရုံးက ပြောပါတယ်။

၀န်ကြီးများ တွေ့ဆုံစဉ် နှစ်နိုင်ငံ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ် အသီးသီးအပြင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

(Reuters., 2 February 2024,” 34,000 tons of potatoes to be imported from India” ကို ဆီလျော်အောက်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းအတိုက်အခံအမတ်များကို ရာသက်ပန် တားမြစ်အပြစ်ပေးရန် ပန်ကြားလွှာ တင်သွင်းခံရ

RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved