စင်ကာပှုမှာ အိမ်မွေးတိရစ္ဆာန် စွန့်ပစ်ခံရခြင်းအရေအတွက်များ တိုးလာနေတယ်လို့ SPCA ပြော
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁
အင်္ဂါနေ့ (ဇန်နဝါရီ ၃၀ ရက်) က ထွက်ရှိတဲ့ တိရစ္ဆာန်တွေအပေါ် ညှင်းပမ်းနှိပ်စက်မှုနဲ့ လူမှုဖူလုံရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်မှာ အိမ်မွေးတိရစ္ဆာန် စွန့်ပစ်ခံရမှုတွေ စိုးရိမ်ဖွယ်ရာ တိုးများလာတယ်လို့ the Society for the Prevention of Cruelty to Animals (SPCA) က ပြောကြားပါတယ်။
၂ဝ၂၃ ခုနှစ်မှာ တိရစ္ဆာန် ၂၈၅ ကောင် စွန့်ပစ်ခံရပြီး၊ ယခင်နှစ်က အကောင်ရေ ၉၆ ထက် အဆသုံးဆနီးပါး တိုးလာတယ်လို့ SPCA က ဆိုပါတယ်။
စွန့်ပစ်အိမ်မွေးတိရစ္ဆာန် ထက်ဝက်ခန့်ဟာ ဟမ်စတာ၊ ဂီနီဝက်၊ ယုန် စတဲ့ တိရစ္ဆာန်အငယ်စားလေးတွေ ဖြစ်ကြပါတယ်။
SPCA က Facebook ပို့စ်တစ်ခုမှာ အပူပေး GrabFood အိတ်နှစ်လုံးအတွင်း စွန့်ပစ်ခံထားရတဲ့ ဂီနီဝက်ကောင် ၁၇ ကောင်ကို မီးမောင်းထိုးပီး ပြသထားပါတယ်။ ကြောင်တွေကတော့ စွန့်ပစ်တိရစ္ဆာန်တွေထဲမှာ ၄၅ ရာခိုင်နှုန်း ပါဝင် ပြီး ခွေးတွေပတော့ ၅ ရာခိုင်နှုန်း ပါဝင်တယ်လို့ သိရပါတယ်။
SPCA ရဲ့အစီရင်ခံစာအရ ၎င်းတို့အဖွဲ့အစည်းဟာ ၂ဝ၂၃ ခုနှစ်အတွင်း တိရစ္ဆာန်ရက်စက်မှုဆိုင်ရာ အမှုပေါင်း ၉၁၅ ခုကို စုံစမ်းစစ်ဆေးခဲ့ရာမှာ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၇၉ ရာခိုင်နှုန်း တိုးလာပြီး၊ ၁၁ နှစ်အတွင်း အမြင့်ဆုံးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
တိရစ္ဆာန်နဲ့ ငှက် အက်ဥပဒေအရ တိရစ္ဆာန် ရက်စက်ကြမ်းကြုတ်မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိရင် ထောင်ဒဏ် ၁၈ လ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၅၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။
ထပ်ခါထပ်ခါ ကျူးလွန်သူတွေကတော့ ထောင်ဒဏ်သုံးနှစ်၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၃၀၀၀၀ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးအထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်မှာ ဆစ်ဖလစ်ရောဂါဖြစ်ပွားမှု နှစ်ပေါင်း ၇၀ ကျော်အတွင်း အမြင့်ဆုံးအဆင့်ထိ မြင့်တက်လာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ