ပဲခူးမြို့တွင် BAIC SENOVA အမျိုးအစား ကားတစ်စီး ဘတ္ထရီဝါယာကြိုးပေါက်၍ မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် BAIC SENOVA အမျိုးအစားကားတစ်စီး ဘတ္ထရီဝါယာကြိုးပေါက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါမီးလောင်မှုသည် ယနေ့(ဇန်နဝါရီ ၃၁ ရက်)၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် ပဲခူးမြို့၊ ဇိုင်းမြောက်ရပ်ကွက်၊ ၃ လမ်း နှင့် ၄ လမ်းကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားက ဘတ္ထရီကနေ ဝါယာကြိုးပေါက်ပြီး ရှော့ဖြစ်လောင်တာပေါ့။ ကားဘက္ထရီရယ် အင်ဂျင်ကာဗာဖုံးနဲ့ ရေတိုင်ကီတွေလောင်သွားတယ်။ အများကြီးလောင်တာတော့မဟုတ်ပါဘူး” ဟု ပဲခူးမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားအင်ဂျင်ခန်းအတွင်းရှိ ပစ္စည်းများ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ကား မီးလောင်မှုတွေနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ကားသမားတွေအနေနဲ့ ကားစမောင်းတဲ့အချိန်ကစပြီး ယာဉ်ကို စစ်ဆေးပြီးမှ မောင်းစေချင်တယ်။ နောက်ပြီး ကိုယ့်ကားကို တစ်လတစ်ခါ Services စစ်ဆေးစေချင်တယ်။ ဘယ်လိုလောင်တာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ပစ္စည်းဖြစ်တဲ့အတွက် ဆုံးရှုံးမှုတွေ မဖြစ်စေချင်ဘူးပေါ့” ဟု ၎င်းက အကြံပြုပြောထားသည်။
အလားတူ ယမန်နေ့ (ဇန်နဝါရီ ၃ဝ ရက်)ကလည်း ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ဘတ္ထရီရှော့ဖြစ်ရာမှ တက္ကစီ တစ်စီး၏ အင်ဂျင်ခန်းတစ်ခုလုံး မီးလောင်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၃၁ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ