ရန်ကုန်တိုင်းအတွင်း ကျပ်သိန်း ၂၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေ
Pearl (NSS) - ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းအတွင်း ကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ပြီးကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်၊ ညနေ (၄)နာရီ ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၀) ရပ်ကွက်၊ မင်းတုန်းလမ်းနေ ဒေါ်ပြားချေ(ခ)ဒေါ်ခိုင်၀င်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ၊ (၄)နာရီခန့်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ မောင်ရွှေစိန် အား လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ (၁၀)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နေ့လည် ၁နာရီခွဲခန့်တွင် မောင်ဘိုသန်း အား ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ ရတနာသိင်္ဂီပတ်လမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ ယင်းနေ့ နေ့လည် (၂)နာရီခန့်တွင် ဦးကျော်၀င်း အား အဆိုပါနေရာ၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ ပြား (ဒေသ ကာလ ပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၈၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒေါ်ပြားချေ(ခ)ဒေါ်ခိုင်၀င်း(၄၃)နှစ်၊ မောင်ရွှေစိန်(၃၃)နှစ်၊ မောင်ဘိုသန်း(၃၉)နှစ် နှင့် ဦးကျော်၀င်း (၆၃) နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လုပ်သား ၆၅ဝဝ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၈)ခုကို ရန်ကုန်တိုင်းတွင် လုပ်ကိုင်ခွင့်ပြု
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ