သင်္ဃန်းညီနောင်ကျေးရွာအနီး တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်း ထိခိုက်ပျက်စီး
မြူနစ် (NSS) - ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်အတွင်း၌ တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီ ၂၉ ရက်) နေ့လည် ၂ နာရီဝန်းကျင်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအနီးရှိ တပ်မတော်ဝန်းအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်၏ ရဟတ်ယာဉ်သည် ရန်သူ့နယ်မြေမှတစ်ဆင့် တပ်ဝန်းအတွင်းသို့ ပြန်လည်ဆင်းသက်စဉ်အချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း တပ်မတော်(လေ)နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
“ဟုတ်တယ်။ ဒဏ်ရာရတာတော့ ရှိတယ်။ သေဆုံးတာတော့ မရှိပါဘူး ဒါပေမယ့် စိုးရိမ်ရတယ်။ အပစ်ခံရတာ။ ရန်သူ့နယ်မြေကနေ တပ်ဝန်းထဲကို ပြန်ဆင်းတဲ့အချိန်မှာ အပစ်ခံရတာ။ လေယာဉ်က လဲသွားတာ ဟုတ်တယ်။ စစ်တပ်ဝန်းထဲမှာပဲ။ ရန်သူ့နယ်မြေထဲမှာတော့ မဟုတ်ဘူး” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါရဟတ်ယာဉ်ကို KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ပစ်ချခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေလျက်ရှိသည်။
ယင်းကဲ့သို့ပစ်ချခံရမှုကြောင့် ရဟတ်ယာဉ်တွင် ထိခိုက်ပျက်စီးမှုများ ရှိသကဲ့သို့ လုံခြုံရေးအဖွဲ့ဝင်တစ်ချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါကဲ့သို့ တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်း ထိခိုက်ပျက်စီးခဲ့ခြင်းနှင့်ပတ်သက်၍ NP News အနေဖြင့် နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
အလားတူ ယခု ဇန်နဝါရီလအစောပိုင်းတွင်လည်း တပ်မတော်၏ FTC-2000G တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်တစ်စင်းတို့ကိုလည်း KIA၊ PDF ပူးပေါင်းအဖွဲ့က ပစ်ချခဲ့သောဖြစ်စဉ်များ ရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးထောက်လှမ်းရေး စစ်ဆင်ရေးနှင့်ဆက်နွယ်နေသူ လူ(၄)ဦးကို အီရန်အစိုးရ ကွပ်မျက်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ