အမေရိကန်နှင့်တရုတ်တို့ကြား တွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံက မည်သည့်အခန်းကဏ္ဍကမှ ပါဝင်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူပြော
Pika (NSS) - ဇန်နဝါရီ ၂၈
အမေရိကန်-တရုတ်ဆက်ဆံရေး၊ထိုင်ဝမ်အရေးတို့နှင့်ပတ်သက်ပြီး ဘန်ကောက်မြို့တွင်ပြုလုပ်သော တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဝမ်ယိ နှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန်တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံက မည်သည့်အခန်းကဏ္ဍကမှ ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kanchana Patarachok က ပြောကြားခဲ့သည်။
သို့သော်လည်း ထိုင်းနိုင်ငံက ဝမ်ယိ နှင့် ဂျိတ်ဆူလီဗန်တို့၏ တွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးရသည့်အတွက် ဝမ်းသာမိကြောင်း Kanchana Patarachok က ထပ်မံပြောခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေး ပွဲမှာ အမေရိကန် နှင့် တရုတ်နိုင်ငံမှ အရာရှိများတွေ့ဆုံရန် စီစဉ်ထားခြင်းမျိုးဖြစ်ပြီး ထိုင်းနိုင်ငံက မည်သည့် အခန်းကဏ္ဍကမှ ပါဝင်မည်မဟုတ်ကြောင်း ၎င်းက ပြောခဲ့သည်။
၎င်းက "ထိုင်းဘက်ကတော့ ဝမ်ယိ နဲ့ ဂျိတ်ဆူလီဗန်တို့ရဲ့တွေ့ဆုံဆွေးနွေးပွဲကို အသိအမှတ်ပြုပါတယ်။ ထိုင်းနိုင်ငံဟာ အခြားနိုင်ငံတွေအားလုံးနဲ့ အပြုသဘောဆောင်တဲ့ဆက်ဆံရေးတွေကို ဆက်လက်ထိန်းသိမ်းထားပါ တယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အမေရိကန် နှင့် တရုတ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲများကို နောက်ဆုံး လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ဆွေးနွေးပွဲများ ပြန်လည်စတင်ခဲ့ခြင်းအတွက် ထိုင်းနိုင်ငံက ဝမ်းသာမိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန် နှင့် တရုတ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲသည် ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊လုံခြုံရေးတို့ကို အထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ဆန်ဖရန်စ္စကိုမြို့တွင် ကျင်းပသော APEC ထိပ်သီးအစည်းအဝေးနားချိန်အတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ကြား လေးနာရီကြာတွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီးနောက် နှစ်လအကြာတွင် ဝမ်ယိ နှင့် ဂျိတ်ဆူလီဗန်တို့၏ တွေ့ဆုံမှုထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၆)လုံး မီးလောင်ဆုံးရှုံး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း