Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရ်ှတွင် ကြက်သွန်နီစျေးနှုန်းအဆမတန်မြင့်တက်နေပြီး ကြက်သွန်နီတန်ချိန် (၂)သောင်း၀ယ်ယူရန် အိန္ဒိယနှင့် ဆွေးနွေးနေ

Htay Oung (NSS) - ဇန်နဝါရီ ၂၇

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ဆောင်းသီးနှံများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်တဲ့အတွက် ဒါကာမြို့ရဲ့ ဟင်းသီးဟင်းရွက် စျေးနှုန်းတွေဟာ အနည်းငယ်ကျဆင်းလာပေမယ့် လောလောဆယ် ကြက်သွန်နီစျေးနှုန်း ခေါင်ခိုက်အောင်ဖြစ်နေခြင်းကြောင့် ၀ယ်ယူသူများ စိုးရိမ်နေတယ်လို့ ဒါကာထရိုင်ဗြွန်းသတင်းစာက ဇန်နဝါရီလ ၂၅ ရက်က ရေးသားပါတယ်။


စျေးကွက်အတွင်း ယခင်ရက်သတ္တပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခြားဟင်းသီးဟင်းရွက်စျေးဟာ တာကာငွေ ၅ မှ ၂၀ အထိ ကျဆင်းသွားပေမယ့် ကြက်သွန်နီစျေးကတော့ တစ်ကီလိုလျှင် တာကာငွေ ၉၀ မှ ၁၀၀ ( အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၂ မှ ၀ ဒသမ ၉၁ ဒေါ်လာ) အထိ ပေးနေရကြောင်း၊ ဒါကြောင့် (ကြက်သွန်နီ အစားများတဲ့ နိုင်ငံအတွက်) တစ်နေ့တစ်နေ့ စားစရိတ်ဟာ လျော့ကျနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

သောကြာနေ့ ဟင်းသီးဟင်းရွက်စျေးတွေဟာ ဆက်လက်ကျဆင်းနေပေမယ့် ကြက်သွန်နီစျေးကတော့ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ တစ်မျိုးမှာ စျေးနှုန်းကျပြီး နောက်တစ်မျိုးမှာ စျေးတက်နေရင် အိမ်သုံးစရိတ်ကို မချွေတာနိုင်ကြောင်း၊ အခြား စရိတ်စကတွေလည်း ရှိနေသေးတယ်လို့ ပုဂ္ဂလိက ကုမ္ပဏီ၀န်ထမ်းတစ်ဦးဖြစ်သူက မှတ်ချက်ပေးပါတယ်။ 

အခြားစျေး၀ယ်တစ်ဦးဖြစ်သူ မိုဟာမက်ဟာဖစ်ဇ်ကတော့” တိုင်းပြည်မှာ ဘာတစ်ခုမှ အမှန်မရှိဘူး၊ ဒီနေ့ စျေးကျပြီး မနက်ဖန် စျေးတက်ချင်တက်တယ်။ ဘာမှ မတည်ငြိမ်ဘူးလို့ပြောပါတယ်။ စျေးကွက်ထဲမှာ ကြက်သွန်နီ အမျိုးမျိုးရှိနေပြီး အရည် အသွေးအလိုက် စျေးနှုန်းအနိမ့်အမြင့် ကွာခြားကြောင်း အခြား စားသောက်ကုန် စျေးတွေကတော့ အပြောင်းအလဲ မရှိကြောင်း သိရှိရပါတယ်။ 

ဘင်္ဂလားဒေ့ရ်ှက အိန္ဒိယနိုင်ငံမှ ကြက်သွန်နီ တန်ချိန် (၂)သောင်းနဲ့ သကြားတန်ချိန် (၅)သောင်းကို တင်သွင်းဖို့ရှိကြောင်း၊ အိန္ဒိယဟာ အဲဒီစားကုန်ပစ္စည်းများ ပြည်ပတင်ပို့ခွင့်ကို ပိတ်ပင်ထားတဲ့အတွက် ဆွေးနွေးနေဆဲဖြစ်ပြီး ရာမ်မာဇန် အိဒ်ပွဲတော်လ မတိုင်မီ ရောက်ရှိလာမယ်လို့ မျှော်လင့်ထားကြောင်း ပြည်နယ်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီး အက်ရ်ှနျူးအစ္စလာမ်က ပြောဆိုတယ်လို့ ယမန်နေ့ ဒါကာထရီဗြွန်း အခြားသတင်း တစ်ပုဒ်မှာ တွေ့ရပါတယ်။

စားသောက်ကုန် တင်သွင်း/ထုတ်လုပ်သူများနဲ့ တွေ့ဆုံခဲ့ကြောင်း၊ သကြားနဲ့ စားဆီအတွက် ရက်စွဲအလိုက် အကောက် ခွန်နှုန်းထားမှာ မြင့်မားနေတဲ့အတွက် သင့်လျော်တဲ့ နှုန်းထားဖြစ်ဖို့ အမျိုးသားအခွန်ဘုတ်အဖွဲ့ထံ အဆိုပြုလွှာပေးပို့ထားကြောင်း၊ အသေးစိတ်ကို လာမယ့် ရက်သတ္တပတ်အတွင်း သတင်းထုတ်ပြန်ဖို့ ရှိကြောင်း၊ သကြားနဲ့ စားဆီအပါအဝင် နေ့စဉ်သုံးကုန်ပစ္စည်းများကို ရာမ်မာဇန်လအတွက်သာမက နောက်သုံးလအတွက် ၀ယ်လိုအားအရ သိုလှောင်ထားရှိကြောင်း၊ ကုန်သိုလှောင်ပြီး တက်စျေးနဲ့ ရောင်းချခြင်းများ မရှိစေဖို့ ၀န်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်အရ စောင့်ကြည့်နေပြီး ထိရောက်ပြင်းထန်စွာ အရေးယူသွားဖို့ရှိကြောင်း၊ လာမယ့် ရာမ်မာဇန်လမတိုင်မီ နေ့စဉ်သုံး ကုန်ပစ္စည်းအားလုံးရဲ့ ဈေးနှုန်းများတည်ငြိမ်အောင် ထိန်းချုပ်နိုင်ဖွယ် ရှိကြောင်း၊ ဒါ့ပြင် ပွဲတော်ကာလမှာ လူ ၁၀ သန်းကို တီစီဘီကတ်ပြားများအရ ပစ္စည်း ငါးမျိုးစီ ၀ယ်ယူခွင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ တီစီဘီ အရောင်းကိုယ်စားလှယ်များ အနှောက်အယှက်ကင်းကင်းနဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် အမြဲတမ်းစတိုးဆိုင်တွေ တိုးချဲဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ မီဒီယာဆရာကြီးများအနေနဲ့ ကုန်စျေးနှုန်းသတင်းများ မရေးသားမီ စျေးကွက်အားလုံးကို တတ်နိုင်သရွေ့အရောက်သွားပြီး ဘက်စုံဒေါင့်စုံ ထည့်သွင်းဝေဖန်ကြစေလိုကြောင်း၊ စျေးကွက်တစ်ခုချင်းစီအလိုက် သတင်းဖော်ပြခဲ့လျှင် အများပြည်သူအကြား ရှုတ်ထွေးမှု မရှိနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်နယ်ကူးသန်း ရောင်း၀ယ်ရေး၀န်ကြီးက သတင်းထောက်များကို တိုက်တွန်းပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် အိမ် ထောင်စုတိုင်းကို တီစီဘီကုန်သွယ်ရေးကတ်ပြားလို့ ခေါ်တဲ့ ကုန်ပစ္စည်း ၃၅ မျိုးခန့်၀ယ်ယူခွင့်ကတ်ပြားများ ထုတ်ပေးထားပါတယ်။ အစိုးရ မူဝါဒအရ တင်သွင်းလာတဲ့ ကုန်ပစ္စည်းများကို သင့်တင့်မျှတတဲ့ စျေးနှုန်းနဲ့ ဖြန့်ဖြူးရန်၊ ရိုးရာနဲ့သမားရိုးကျ မဟုတ်တဲ့ ပြည်ပပို့ကုန်စျေးကွက်ကို ဖန်တီးရန်နဲ့ စောင့်ကြည့်ရန်အတွက် ဖြစ်ကြောင်း သိရှိရပါတယ်။

(Dhaka Tribune., 26 January 2024, “Onion prices surge amidst overall decline in vegetable rates in Dhaka” and “State Minister: 20,000 tons of onions, 50,000 tons of sugar to be imported from India” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်)၏ Logo Design ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved