ပြည်တွင်းဆန်ချောဈေးကွက်၌ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်ကျပ်နှစ်သိန်းဝန်းကျင်ရှိနေ
NSS - ဇန်နဝါရီ ၂၆
ပြည်တွင်းဆန်ဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းရှယ် (အဟောင်း) တစ်အိတ်လျှင် ကျပ်နှစ်သိန်းဝန်းကျင်အထိ ရှိလာကြောင်း ဆန်လက်လီအရောင်းဆိုင်များထံမှ သိရသည်။
“နွေစပါးပေါ်ချိန်မရောက်သေးတော့ ဆန်ဈေးတက်တယ်။ ကားခတွေစရိတ်တွေတက်လာတော့ ဒိုင်ဈေးလဲတက်တယ်။ သင်္ကြန်ကာလလောက် နွေစပါးပေါ်ချိန်ဆို ပြန်ကျနိုင်ပါတယ်”ဟု ဝါးတန်းဆန်ကုန်စည်ဒိုင်၏ အတွင်းရေးမှူးကပြောသည်။
ပြည်တွင်းဆန်ဈေးကွက်၌ ရွှေဘိုပေါ်ဆန်း(အဟောင်း) များ လက်ကျန်နည်းနေပြီး လက်ကားအထိုင်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ရှိနေသဖြင့် သယ်ယူပို့ဆောင်မှုစရိတ် နှင့် လုပ်အားခများပါ ထည့် သွင်းတွက်ချက်ပါက လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ၁၉၃၀၀၀ ကျပ်ရှိကြောင်း သိရသည်။
“ရွှေဘိုပေါ်ဆန်းကတော့ အမြဲတမ်းဈေးအမြင့်ဆုံးမှာဘဲလက် ကားဒိုင်မှာ တစ်သိန်းရှစ်သောင်းပေါက်ဈေး ရှိတယ်။ လက်လီဈေးကွက်ထဲမှာ တစ်အိတ်ကိုတစ်သိန်းကိုးသောင်းကျော်အထိ ရောင်းနေကြတယ်။ အခြေခံလူတန်းစားတွေကတော့ ဝယ်မစားနိုင်ဘူး၊ အိတ်လိုက်ဝယ်တဲ့သူလောက်ဘဲရှိတာ အရောင်းအဝယ် အေးပါတယ်”ဟု တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်ရှိ သုခဆန်ဆိုင်ပိုင်ရှင်ကပြောသည်။
ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စပါးကို သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ရောင်းချစေခြင်း၊ ဆန်ကို သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့်ရောင်းချစေခြင်း၊ ဆန်စပါးသိုလှောင်ခြင်းဖြင့် ဈေးမကစားစေရန် သိုလှောင်သည့် မှတ်ပုံတင်ပြုလုပ်စေခြင်းတို့ဖြင့် နည်းလမ်းမျိုးစုံ ဆောင်ရွက်နေသော်လည်း ပြည်တွင်းဆန်ဈေးကွက်၌ ဆန်ဈေးနှုန်း ကျဆင်းခြင်း မရှိကြောင်း သိရသည်။
လက်ရှိပြည်တွင်းဆန်လက်ကားဈေးကွက်၌ ဆန်ဈေးနှုန်းများသည် ရွှေဘိုပေါ်ဆန်းအဟောင်း ၁၀၈ ပေါင်တစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်၊ ရွှေဘိုအသစ်တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းအသစ်တစ်အိတ်လျှင် ၁၁၈၀၀၀ ကျပ်၊ တောင်ပျံအသစ်တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ကျားပျံအသစ်တစ်အိတ်လျှင် ၁၃၂၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုးအသစ်တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်းအသစ်တစ်အိတ်လျှင် ၁၁၄၀၀၀ ကျပ်၊ ဇီယာရှယ်အဟောင်းတစ်အိတ်လျှင် ၈၈၀၀၀ ကျပ်၊ ရက် ၉၀ ထူးရှယ်အဟောင်းတစ်အိတ်လျှင် ၉၇၀၀၀ ကျပ်၊ အညာသားအဟောင်းတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဆင်းသွယ်အဟောင်းတစ်အိတ်လျှင် ၁၀၄၀၀၀ ကျပ်၊ ကျားပျံရှယ်အဟောင်းတစ်အိတ်လျှင် ၁၄၆၀၀၀ ကျပ်၊ ဧရာရွှေဘိုအဟောင်းတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်စစ်တပ်ရဲ့အရွယ်အစား အင်အားသေးငယ်နေဆဲဖြစ်ကြောင်း အမေရိကန်ရေတပ်အကြီးအကဲပြော
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း