အမေရိကန်နိုင်ငံအနေနဲ့ ရန်စတဲ့လုပ်ရပ်အားလုံးကို ရပ်တန့်စေလိုကြောင်း တရုတ်စစ်ဘက် သတိပေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၅
အမေရိကန်နိုင်ငံအနေနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့လုပ်ရပ်အပြုအမူအားလုံး ရပ်တန့်စေလိုကြောင်း၊ ရန်စတဲ့ လုပ်ရပ် အားလုံးကို ရပ်တန့်စေလိုကြောင်း တရုတ်စစ်ဘက် သတိပေးလိုက်ပါတယ်။
အမေရိကန်စစ်သင်္ဘောတွေ နဲ့ တိုက်လေယာဉ်တွေဟာ တရုတ်နိုင်ငံရဲ့ လေကြောင်း နဲ့ ရေကြောင်းပိုင်နက်နားကို ဝင်ရောက်လာခဲ့ပြီး စောင့်ကြည့်ခဲ့ရကြောင်း တရုတ်စစ်ဘက်က ပြောပါတယ်။ အမေရိကန်စစ်သင်္ဘောတစ်စီးဟာ ဇန်နဝါရီ ၂၄ ရက်က ထိုင်ဝမ်ရေလက်ကြားကို ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး နောက် တရုတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဝူကွင်က အခုလိုမျိုး ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်ကျွန်းမှာ သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်ရေလက်ကြားနားကို အမေရိကန်စစ်သင်္ဘောတွေ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ရေတပ်က အမေရိကန်ရဲ့ဖျက်သင်္ဘော USS John Finn ဟာ ထိုင်ဝမ်ရေလက်ကြားကို သွားရောက်ခဲ့ ကြောင်း ပြောပါတယ်။
တရုတ်စစ်ဘက်က "တရုတ်စစ်တပ်ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်။ အမေရိကန်စစ်သင်္ဘောတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး သည်းခံချုပ်တည်းတာ၊ ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ လုပ်ကိုင်ခဲ့တယ်" လို့ ပြောပါတယ်။ အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ပိုမိုဖြစ်လာနေကြောင်း သိရပါတယ်။
တရုတ်က ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ထိုင်ဝမ်ကတော့ တရုတ်လက်အောက်က ခွဲထွက်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဆိုတော် အေမီဈာန် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ မော်ဒယ်ဖူးပွင့်ခိုင်ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း