ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရာထူးနေရာ(၃၀)ကျော် ခေါ်ယူနေ
စော (NSS) - ဇန်နဝါရီ ၂၄
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရာထူးနေရာ(၃၀)ကျော် ခေါ်ယူနေကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့(ဇန်နဝါရီလ ၂၃ ရက်)တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါဌာနက အငယ်တန်းစာရေး ရာထူးနေရာအတွက် (၃၂)ဦးကို ခန့်အပ်သွားမည်ဖြစ်ပြီး အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်များတွင် အခြေခံတတ်ကျွမ်းသူကို ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ပါက အသက် (၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုအပ်ပြီး ဥပေဒဘာသာအထူးပြု၊ အင်္ဂလိပ်ဘာသာအထူးပြုနှင့် မဟာဘွဲ့ရရှိပြီးသူဖြစ်ပါက အသက် (၃၂)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း သိရသည်။
လျှောက်လွှာများကို ဇန်နဝါရီလကုန်တွင် ရုံးချိန်အတွင်း၌ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ စီမံရေးဌာနခွဲတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဖြေဆိုမည့်နေ့အား ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
CNG မော်တော်ယာဥ်များကို သဘာဝဓာတ်ငွေ့ ပိုမိုဖြည့်ဆည်းနိုင်ရန် ကုန်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ရေးဆောင်ရွက်နေ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း