Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်၏ မိုးပျံပူဖောင်း(၆)လုံး၊ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များကို ကျွန်းအနီးတွင် တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ် အစိုးရပြော

Pika (NSS) - ဇန်နဝါရီ ၂၂ 

ထိုင်ဝမ်ကျွန်းမြောက်ဘက်လေပိုင်နက်ကို တရုတ်၏ မိုးပျံပူဖောင်း(၆)လုံး  ဖြတ်ကျော်ပျံသန်းဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ဇန်နဝါရီလ(၂၂)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အပြင် တရုတ်စစ်လေယာဉ်များ နှင့် ရေတပ်သင်္ဘောများကိုလည်း အဆိုပါဧရိယာအတွင်းတွင် တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ထပ်မံပြောကြားခဲ့သည်။ တရုတ်အစိုးရသည် ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် ပျောက်ကွယ်သွား သော အဆိုပါမိုးပျံပူဖောင်းများ စေလွှတ်နေရခြင်း၏ ရည်ရွယ်ချက်ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသော်လည်း ထိုင်ဝမ်ပိုက်နက်အတွင်းသို့ တရုတ်မိုးပျံပူဖောင်းများ ဖြတ်ကျော်ဝင်ရောက်လာသည့် အကြိမ်အရေ အတွက်မှာ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။


ထိုင်ဝမ်အနီးတစ်ဝိုက်ရှိ ရေပိုင်နက်နှင့် လေပိုင်နက်အတွင်း တရုတ်၏စစ်ရေးလှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ် မိုးပျံပူဖောင်းများစေလွှတ်နေခြင်းကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောဆိုခဲ့ကြောင်းလည်း သိရသည်။ မိုးပျံပူဖောင်းတစ်လုံးသည် တောင်ဘက်ရှိ Pingtung မြို့အနီးကို ဖြတ်သန်းသွားခဲ့ပြီး အခြားမိုးပျံ ပူဖောင်းများမှာ Keelung ဆိပ်ကမ်း၏ မြောက်ဘက်သို့ ပျံသန်းသွားခဲ့ကြောင်း  ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

Keelung ဆိပ်ကမ်းသည် ထိုင်ဝမ်၏ အရေးပါသော ရေတပ်အခြေစိုက်စခန်း ရှိသည့်နေရာဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ မိုးပျံပူဖောင်းများတွင် တိကျပြတ်သားသော စစ်ရေးလုပ်ဆောင်မှု ရှိ/မရှိ ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းလည်း သိရသည်။

သို့သော်လည်း မိုးပျံပူဖောင်းများ စေလွှတ်ခြင်းမှာ ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရန်အတွက် လိုအပ်ပါက အင်အားသုံးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည့် တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပုံ ပေါ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထိုင်ဝမ်တွင် သမ္မတရွေးကောက်ပွဲကို ယခုလ အစောပိုင်းတွင်ကျင်းပကာ သမ္မတအသစ်ကိုရွေးချယ်ပြီးနောက် တရုတ်သည် ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေး နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ပတ်သတ်ပြီး လူ ၉ ဦးကို ဗီယက်နမ်တရားရုံး သေဒဏ်ပေး

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved