သရက်ချောင်းမြို့နယ်တွင် PDF အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရ
NSS - ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် PDF အဖွဲ့က ထောင် ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မိုင်းပေါက်ကွဲမှုသည် ပြီးခဲ့သော ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၁၀နာရီအချိန်တွင် သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်သွားကားလမ်း၊ သရက်နှစ်ခွကျေးရွာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ်၊ ချောင်းတူးငယ်ကျေးရွာ၊ မေတ္တာဝါဒီဘုန်းကြီး ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် မြိတ်မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်ဖြစ်သော သက်တော်(၄၅)နှစ်၊ ဝါတော်(၂၅)ဝါရှိ ဆရာ တော် ဥူးဝါသဝသီရိသည် ကားဖြင့် မြိတ်မြို့မှ သရက်ချောင်းမြို့ဘက်သို့ သွားရောက်စဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲမှူကြောင့် ဆရာတော်ဥူးဝါသဝသီရိတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ဆရာတော်ကို သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း နစက အသိပေးထုတ်ပြန်
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း