အင်ဒိုနီးရှားနိုင်ငံက အစ္စရေးနိုင်ငံကို (ICJ) တရားရုံးမှာ တရားစွဲ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၁
အင်ဒိုနီးရှားနိုင်ငံဟာ အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားဟာ အစ္စရေးနိုင်ငံကို ပါလက်စတိုင်းပိုင်နက်တွေကို ရယူသိမ်းပိုက်ပြီးနိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုတွေအတွက် တရားစွဲဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက အစ္စရေးနိုင်ငံဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ကမ္ဘာကို ပြသနိုင်ဖို့ ဥပဒေရေးရာကျွမ်းကျင်သူအဖွဲ့ကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
အင်ဒိုနီးရှားနဲ့ ဆလိုဗေးနီးယားနိုင်ငံတို့ဟာ အစ္စရေးကို ပါလက်စတိုင်းပိုင်နက်တွေသိမ်းပိုက်ခြင်းနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ တရားစွဲဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာတရားရုံးဟာ အစ္စရေးနိုင်ငံအပေါ် တရားစွဲဆိုခဲ့တဲ့ အင်ဒိုနီးရှားရဲ့တိုင်ကြားမှုတွေကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ ကြားနာသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက "နိုင်ငံတကာတရားရုံးထံကနေ ဥပဒေရေးရာ ထင်မြင် အကြံပေးချက်တွေကို ရယူဖို့ ကုလသမဂ္ဂညီလာခံမှာ ထောက်ခံမှုရဖို့ ကြိုးပမ်းသွားမယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကျင်းပခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေကို ရယူသိမ်းပိုက်ပြီး၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှု ရှိ-မရှိ ဆိုတဲ့အချက်ကို နိုင်ငံတကာတရားရုံးထံကနေ ဥပဒေရေးရာအရ ထင်မြင်ချက်၊ အကြံပေးချက်များ တောင်းခံဖို့ ဆန္ဒမဲပေးခွင့်ပြုခဲ့ကြောင်း သိရပါတယ်။
ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းအစ္စရေးဟာ နိုင်ငံတကာဖိအားမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့လပိုင်းကလည်း တောင်အာဖရိကနိုင်ငံရဲ့လူမျိုးသုံးသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံးမှာ တရားရင်ဆိုင်နေရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း