မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၉၀၀၀ ကျော်ဖြစ်ပွားခဲ့ဟု Acled အဖွဲ့ဖော်ပြ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂ဝ
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း လူသေဆုံးမှုများဖြစ်စေတဲ့ တိုက်ပွဲတွေအပါအဝင် တိုက်ခိုက်မှုပေါင်း ၉၁၂၇ ခုဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် Acleddata က ဖော်ပြတဲ့အချက်လက်မှတ်တမ်းတွေအရ သိရပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်အထိ ကမ္ဘာတဝှမ်းမှာ လူသေဆုံးမှုများဖြစ်စေတဲ့ တိုက်ခိုက်မှုပေါင်းအနည်းဆုံး ၁၅၅၆၅၂ ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့်၁၅၇၁၀ ဦးသေဆုံးခဲ့ကြောင်း acled အဖွဲ့ကဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်အထိ တိုက်ပွဲပေါင်း ၃၉၁၀ ခု၊ အကြမ်းဖက်မှု ၁ခု၊ ပေါက်ကွဲစေသောအကြမ်း ဖက်မှု ၃၆၄၇ ခု နဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်မှုပေါင်း ၁၅၆၉ ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံမှာအာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုအရှိန်မြင့်တက်လာခဲ့ရာ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ လက် နက်ကိုင်ပဋိပက္ခကြောင့် သေဆုံးခဲ့သူအရေအတွက်က ကမ္ဘာတဝှမ်းမှာ တတိယအများဆုံးဖြစ်ခဲ့ကြောင်း Acled အဖွဲ့ကဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရတပ်ဖွဲ့တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် လက်နက်ကိုင်အဖွဲ့စည်းပေါင်း ရာနဲ့ချီပြီး ရှိနေကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝှမ်းမှာဖြစ်ပွားခဲ့တဲ့ လက် နက်ကိုင်ပဋိပက္ခတွေကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ ပါလက်စတိုင်း၊ ယူကရိန်း၊ ဆူဒန် နိုင်ငံတို့ပါဝင်နေခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ရွှေဈေးမြင့်တက်နေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၃၈)သိန်းအထိရောက်ရှိလာ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း