ဟူသီလက်နက်ကိုင်အုပ်စုကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်သွားမယ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၇
အမေရိကန်အစိုးရဟာ ပင်လယ်နီဒေသအတွင်းဖြတ်သန်းနေတဲ့ဟူသီလက်နက်ကိုင်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထပ်မံသတ်မှတ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ဟူသိလက်နက်ကိုင်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ယခင်တည်းက သတ်မှတ်ထားပေမယ့် လက်ရှိသမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုက ဖယ်ရှားခဲ့ကြောင်း သိရပါတယ်။
ဂါဇာစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဟူသီလက်နက်ကိုင်အုပ်စုဟာ ပင်လယ်နီဒေသအတွင်း ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကိုတိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်အစိုးရက ၎င်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဟူသီလက်နက်ကိုင်အုပ်စုဟာ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်ဖို့ အမေရိကန်စစ်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့ကြောင်း သိရပါတယ်။ ရီပတ်ဘလီကန်ပါတိလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဟူသီလက်နက်ကိုင်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုက ဖယ်ရှားခဲ့တာနဲ့ပတ်သက်ပြီး နှစ်အတန်ကြာ ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ ဟူသီလက်နက်ကိုင်အုပ်စုတွေကို ကုန်စည်သင်္ဘောတွေအပေါ် မတိုက်ခိုက်ဖို့ နဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် တိုက်ခိုက်ခံရမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးခဲ့ပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုဟာ အမေရိကန်အစိုးရရဲ့သတိပေးမှုတွေကို မသိကျိုးကျွံ့ပြုကာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ထားရာ အရှေ့အလယ်ပိုင်း ဒေသအရေးက တင်းမာမှုတွေပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း