ရုရှားသမ္မပူတင်နဲ့မိသားစုတွေ ထောင်ထဲမှာ နှစ်ရှည်နေထိုင်ရမယ်လု့ိ ယူကရိန်းသမ္မတ သတိပေးခြိမ်းခြောက်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၇
ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားသမ္မတပူတင်ရဲ့မိသားစုတစ်စုလုံးဟာ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ခံရပြီး နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခံရမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။
ဇီလန်စကီးဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ရုရှားကိုတိုက်ခိုက်ဖို့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ပိုမိုကူညီပေးစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါ တယ်။
"ပူတင်ဟာ ငြိမ်းချမ်းစွာ အနားယူရမှာမဟုတ်ဘူး။ သူရဲ့သားသမီးတွေနဲ့ မြေးတွေလည်း အနားယူရမှာမဟုတ်ဘူး။ ပူတင်ဟာ စစ်ပွဲနဲ့ပဋိပက္ခတွေဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒီအတွက် ပြန်လည် တာဝန်ယူခြင်းတာဝန်ခံခြင်း တွေ ရှိရမှာဖြစ်တယ်။ ပူတင်နဲ့မိသားစုတွေကို ရာဇဝတ်မှုတွေနဲ့စွဲချက်တင် စစ်ဆေးရမယ်။ အကျဉ်းထောင် တွေထဲမှာ နှစ်ပေါင်းများစွာကြာ နေထိုင်ရဖွယ်ရှိပါတယ်" လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းသမ္မတက ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်မှာမဟုတ်ဘဲ အခွင့်ရေးရမယ်ဆိုရင် ရုရှားသမ္မတပူတင်ကို လုပ်ကြံသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ယူကရိန်းထောက်လှမ်းရေးတပ်ဖွဲ့တွေဟာ ၂ဝ၁၅ ခုနှစ်နောက်ပိုင်းတည်းက ရုရှားသမ္မပူတင်ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းထောက်လှမ်းရေးအဖွဲ့တွေဟာ ရုရှားနဲ့စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားအစိုးရတာဝန်ရှိသူတွေအပြင် ရုရှားသမ္မတပူတင်နဲ့ နီးစပ်သူတွေကိုလုပ်ကြံဖို့ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။
ရုရှားထောက်လှမ်းရေးအဖွဲ့တွေကလည်း ယူကရိန်းထောက်လှမ်းရေးနဲ့ အစိုးရတာဝန်ရှိသူတွေကို လုပ်ကြံဖို့ ကြံစည်ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွန်ပြည်သစ်ပါတီ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ နိုင်ထောမွန် ထိုင်းနိုင်ငံတွင် ကွယ်လွန်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း