တပ်ချုပ် နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဥက္ကဋ္ဌတို့ နေပြည်တော်၌တွေ့ဆုံ
မြူနစ် (NSS) - ဇန်နဝါရီ ၁၇
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ General Kittisak Boonprathamchai တို့သည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်)တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာရေးကို ဆက်လက်ဆောင်ရွက်သွားရန် နှစ်ဖက်အကြား ထည့် သွင်းဆွေးနွေးခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သတင်းအ ချက်အလက်များဖလှယ်ရေးကဏ္ဍတို့တွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို တပ်ချုပ်နှင့် အကြံ ပေးဘုတ်အဖွဲ့ဥက္ကဋ္ဌတို့အကြား ဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုသည်။
လတ်တလောကာလအတွင်း၌ နစကနှင့် ထိုင်းတပ်မတော်တို့အကြားတွင် တွေ့ဆုံဆွေးနွေးမှုများသည် မကြခဏပြုလုပ် လျက်ရှိပြီး ဇန်နဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ တွေ့ဆုံဆွေးနွေးထား သည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းတွင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်း စစ်ဆင်ရေးညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen တို့သည်လည်း နေပြည်တော်၌ တွေ့ဆုံခဲ့ဖူးသည်။
မြန်မာနိုင်ငံ၊ မြဝတီမြို့၌ အခြေခံပြုလှုပ်ရှားနေသည့် အွန်လိုင်းလိမ်လည်မှုများနှင့် လူမှောင်ခိုကူးမှုများကို ပူးပေါင်းနှိမ်နင်း ရန်အတွက် မြန်မာနှင့်ထိုင်းတို့အကြား ပြင်ဆင်နေလျက်ရှိကြောင်း နစကဘက်က ပြီးခဲ့သော ကာလများအတွင်း၌ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာဒုံမြို့နယ်၌ တွဲကား နှင့် စက်ရုံဖယ်ရီကားတို့ တိုက်မိခဲ့ရာ လူ(၃၀)ထက်မနည်း ထိခိုက်ဒဏ်ရာရ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း