တရုတ်-အာဆီယံ ပြည်သူအကြား ရိုးရာယဉ်ကျေးမှုဖလှယ်ခြင်းနှစ် အထိမ်းအမှတ်အဖြစ် တရုတ်ဖောင်ဒေးရှင်းမှ ကျောင်းသုံးပစ္စည်းများ သိန်း ၁၀၀ ဖိုးခန့် လှူဒါန်း
ထွန်းမွန်သက် (NSS) - ဇန်နဝါရီ ၁၆
၂၀၂၄ ခုနှစ်ကို တရုတ်-အာဆီယံ ပြည်သူအကြား ရိုးရာယဉ်ကျေးမှု ဖလှယ်ခြင်းနှစ်အဖြစ် သတ်မှတ်ထားရာ ယင်းပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အဖြစ် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း China Foundation for Peace and Development - CFPD မှ ဦးဆောင်လှူဒါန်းသည့် ကျောင်းသုံးပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ နံနက် (ဇန်နဝါရီလ ၁၆ ရက်) တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးစင်တာတွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို China Foundation for Peace and Development နှင့် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။
တရုတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ရန်ကုန်မြို့ရှိ အခြေခံပညာ အလယ်တန်းကျောင်း (လေ့ကျင့်ရေး) ရန်ကင်းအား လှူဒါန်းခြင်းဖြစ်ပြီး စာရေးကိရိယာများ၊ LED မီးလုံးများ၊ အားကစားပစ္စည်းများနှင့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း စသည့် စုစုပေါင်း တန်ဖိုး မြန်မာကျပ်ငွေ သိန်းတစ်ရာခန့်ရှိသော ပစ္စည်းများပါဝင်သည်ဟု သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတိုင်ပင်ခံ Mrs. Li Qiao ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟို အသင်းနာယက ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးတင်ဦး၊ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးများ၊ အခြားသော တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
“မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့သဘောထားနှင့် ချစ်ကြည်ရင်းမှုက မြန်မာပြည်သူပြည်သား အားလုံးကို အစဉ်အလေးထားပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု၌ အထူးသဖြင့် မြန်မာပြည်သူများ အကျိုးဖြစ်ထွန်းမှုအတွက် ရည်ရွယ်ပါတယ်။ တရုတ်သံရုံးကလည်း မြန်မာ့ပညာရေး တိုးတက်မှုအတွက် အခုလိုပဲ တက်ကြွစွာ ပံ့ပိုးကူညီလေ့ရှိပါတယ်။ မြန်မာကျောင်းသားများကို စကောလာရှစ် ထောက်ပံ့ပေးခြင်းနဲ့ မြန်မာကျောင်းသားများကို တရုတ်နိုင်ငံမှာ ပညာသင်ကြားရန် တွန်းအားပေးခြင်း စတဲ့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်ပေးပြီး ယင်းကို နှစ်နိုင်ငံလူငယ်များအနေဖြင့်လည်း အချင်းချင်း ကောင်းစွာ သိရှိကြပြီး ဖြစ်ပါတယ်” ဟု အတိုင်ပင်ခံ Mrs. Li Qiao က ၎င်း၏ အစီရင်ခံမှု၌ ထည့်သွင်း ပြောကြားခဲ့သည်။
တရုတ်မြန်မာချစ်ကြည်ရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေးကဏ္ဍ၌ China Foundation for Peace and Development အနေဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက နက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာ့ လူနေမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများမှာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော်လေယာဉ်တစ်စင်း ပစ်ချခံရတယ်ဆိုတာ ဟုတ်သလား၊ စစ်တွေလေဆိပ် ပေါက်ကွဲမှု၊ ပဲခူးတိုင်းဒေသကြီးထဲမှာ ပွက်လောရိုက်နေတဲ့ ပြည်သူ့စစ်ကိစ္စ အစစ်နဲ့အတု (၁၆-၁-၂ဝ၂၄)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း