Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များကို တပ်ချုပ်သွားရောက်တွေ့ဆုံ

မျိုးကြီး (NP News) - မတ် ၂ဝ


စစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။


၎င်းအနေဖြင့် မတ်လ ၁၉ ရက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို တွေ့ဆုံခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရ သိရသည်။


နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ် ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးကုသပေးထားမှုအခြေအနေများကို တပ်ချုပ်နှင့်အဖွဲ့မှမေးမြန်းကာ အားပေးစကားပြောဆိုခဲ့ကြောင်း သိရသည်။


ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးနှင့် အဖွဲ့ဝင်များကလည်း ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် PDF များ၏ အ ကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ကုသမှုခံလျက်ရှိသည့် ဒေသခံပြည်သူများကိုလည်း မေးမြန်းအားပေးစကားဆိုကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။


ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများတွေ့ဆုံစဉ်အချိန်တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သင်ကြားပေးထားသည့် စစ်အတတ် ပညာများကို အပြည့်အဝအသုံးချရန်လိုအပ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။


ထို့ပြင် တပ်မတော်သားများအနေဖြင့် သင်ယူတတ်မြောက်ထားသည့် စစ်နည်းဗျူဟာများနှင့် စစ်အ တတ်ပညာများကို အပြည့်အဝအသုံးချမှသာ စစ်မြေပြင်၌ ထိခိုက်မှုနည်းပါးစေမည်ဖြစ်ကြောင်းလည်း တပ်ချုပ်က အသိပေးပြောဆိုခဲ့သည်။


နစကအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည်။


စစ်ကိုင်းတိုင်းသည် ၂ဝ၂၁ ခုနှစ် တပ်မတော်မှ နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့အစည်း အများအပြားပေါ်ပေါက်လာခဲ့သည့်တိုင်းဖြစ်ပြီး အကြမ်းဖက်သတ်ဖြတ်မှု၊ ပစ်ခတ်တိုက်ခိုက်မှုများစွာ ဖြစ်ပွားလျက်ရှိသည့် တိုင်းတစ်ခုလည်းဖြစ်သည်။

zawgyi version




















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့၌ အသက်(၆ဝ)အရွယ် အမျိုးသားတစ်ဦး ကားတိုက်ခံပြီး အဆုံးစီရင်ရန် (၄)ကြိမ်ထက်မနည်း ကြိုးပမ်းခဲ့

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved