ကုသလမဂ္ဂအနေဖြင့် ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် မျှော်မှန်းထားသည့်အတိုင်း မလုပ်နိုင်ခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၄
ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အနေဖြင့် ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူပေါင်း ၃ ဒသမ ၁ သန်းကျော်အတွက် ကူညီထောက်ပံ့ပေးနိုင်ရန် မျှော်မှန်းခဲ့သော်လည်း လက်တွေ့တွင် သတ်မှတ်ထားသည့်အတိုင်း ကူညီပေးနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။
လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများသည် ၂ဝ၂၃ ခုနှစ် ပထမ ၉ လအတွင်း လူဦးရေ ၂ ဒသမ ၈ သန်းအတွက် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ပြီး နှစ်ကုန်တွင် လူဦးရေ ၃ ဒသမ ၁ သန်းကို ကူညီထောက်ပံ့နိုင်မည်ဟု ယခင်က မျှော်လင့်ခဲ့ကြောင်း သိရသည်။
မျှော်ရန်ပုံငွေ မပြည့်မီမှုကြောင့် လိုအပ်ချက်များကိုတုံ့ပြန်ဆောင်ရွက်ရာတွင် နဂိုမူလစီစဉ်ထားသည့်အတိုင်း နက်ရှိုင်းပြည့်ဝစွာ မဆောင်ရွက်နိုင်ဘဲ ၎င်းလိုအပ်ချက်မပြည့်မီမှုများက ၂ဝ၂၄ ခုနှစ်အတွင်းသို့ ထပ်လောင်း ပါဝင် လာခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်တွင်အသုံးပြုရန် ၂ဝ၂၃ ခုနှစ်အတွင်း တောင်းခံထားသောရန်ပုံငွေ၏ ၃၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၆ဝဝ ခန့် ရန်ပုံငွေ လိုအပ်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။
၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလကုန်မှစတင်၍ တိုက်ပွဲများပြင်းထန်လာပြီးနောက် နိုင်ငံတဝှမ်းတွင် နေရပ်စွန့်ခွာ နေထိုင်ရသူ ၂ ဒသမ ၆ သန်းကျော် ရှိလာခဲ့ကြောင်း သိရသည်။ နေရပ်စွန့်ခွာသူအရေအတွက် မြင့်တက်လာမှုနှင့် အတူ လိုအပ်ချက်မြင့်တက်လာနေပြီး ၂ဝ၂၄ ခုနှစ်အတွင်း လူဦးရေ ၅ ဒသမ ၃ သန်းကို အရေးပေါ် ဦးစားပေး ကူညီသွားရန် လျာထားကြောင်း၊ အဆိုပါအကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ် ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗုဒ္ဓဆင်းတုတော် နှင့် စေတီများကို ဖျက်ဆီးသော အကြမ်းဖက်သမားများကို မြို့ပေါင်း(၃၁)မြို့၌ သံဃာတော် နှင့် လူပုဂ္ဂိုလ်အများအပြားပူးပေါင်း၍ ကန့်ကွက်ရှုတ်ချထား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ