နယူးယောက်တိုင်းမ်သတင်းဌာနကို လျော်ကြေးဒေါ်လာ(၄)သိန်းနီးပါးပေးချေဖို့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို တရားရုံးအမိန့်ချမှတ်
ဂျန်ဇက် (NSS) - ဇန်နဝါရီလ ၁၃
နယူးယောက်တိုင်းမ်သတင်းဌာန နဲ့ သတင်းထောက်တွေကို နစ်နာမှုကုန်ကျစရိတ်လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၄ သိန်းပေးဖို့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို နယူးယောက်မြို့တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်းသိရပါတယ်။
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ နယူးယောက်တိုင်းမ် သတင်းဌာနနဲ့ သတင်းထောက်သုံးဦးကို ၎င်းရဲ့အခွန်စာရွက်စာတမ်းများ တရားမဝင်ရယူဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့တရားစွဲဆိုခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ နယူးယောက်ပြည်နယ်တရားရုံးဟာ ၂၀၂၃ ခုနှစ်မှာ ဒေါ်နယ်ထရမ့်ရဲ့လျှောက်ထားမှုကို ငြင်းဆန်ပယ်ချခဲ့ပြီး နယူးယောက်တိုင်းမ် သတင်းဌာနနဲ့ သတင်းထောက်တွေကို တရားရင်ဆိုင်ရမှုနစ်နာတဲ့လျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ တရားရုံးက နယူးယောက်တိုင်းမ်သတင်းစာက ရှေ့နေခအပါအဝင် အခြားကုန်ကျစရိတ်တွေအတွက်အမေရိကန်ဒေါ်လာ ၃၉၂၆၃၈ ဒေါ်လာကုန်ကျခဲ့ပြီး အဲဒီ ကုန်ကျစရိတ်တွေကို ပြန်လည်ပေးရမယ်လို့ ဆိုပါတယ်။
အဆိုပါသတင်းစာက ၂၀၁၈ ခုနှစ်မှာရေးသားခဲ့ဖူးတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ထဲမှာ ဒေါ်နယ်ထရမ့်ရဲ့အခွန်တိမ်းရှောင်ဖို့ ကြိုးပမ်းတဲ့အချက်တွေကိုထည့်သွင်းရေးသားခဲ့ပြီး ဒေါ်နယ်ထရမ့်က အဆိုပါသတင်းဆောင်းပါးနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ ၂၀၂၄ ခုနှစ်အတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ဖို့ စီစဉ်ထားသူဖြစ်ပြီး ရီပတ်ဘလီကန် ပါတီကိုယ် စားပြုသမ္မတလောင်းဖြစ်လာဖို့ အလားလာများနေကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ဖို့ စီစဉ်ပြီးချိန်နောက်ပိုင်းကတည်းက ဖိအားမျိုးစုံ၊အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
LV က Luxury အိတ် ဒီဇိုင်းအသစ်ကို ဒေါ်လာ ၃၀၀၀ ကျော်နဲ့ရောင်းချ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း