Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်မြို့တွင် သင်္ကြန်မဏ္ဍပ်များကို စတင်ဆောက်လုပ်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကို နေရာ(၂) ခု၌ ထည့်သွင်းကျင်းပမည်

မျိုးကြီး (NP News) - မတ် ၁၉


ရန်ကုန်မြို့တွင် သင်္ကြန်မဏ္ဍပ်များကို စတင်ဆောက်လုပ်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကို နေရာ(၂)ခု ၌ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


လက်ရှိတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တို့တွင် သင်္ကြန်မဏ္ဍပ်များကို စတင်ဆောက်လုပ်လျက်ရှိသည်။


ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန်ရေသဘင်ပွဲတော်ဗဟိုမဏ္ဍပ်ကို တည် ဆောက်သွားမည်ဖြစ်ပြီး တိုင်းအဆင့်ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်က ဆိုသည်။


“လမ်းလျှောက်သင်္ကြန်က (၂)နေရာလုပ်မှာ။ ဗန္ဓုလပန်းခြံဘေးမှာ တစ်ခု၊ နောက်တစ်ခါ ပြည်သူ့ရင်ပြင်ထဲမှာ ရေပက်မဏ္ဍပ်တွေရော၊ လမ်းလျှောက်သင်္ကြန်ရော အဲဒီမှာလုပ်မှာ” ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက NP News ကို ပြောဆိုထားသည်။


မကြာခင်ကျင်းပမည့် သင်္ကြန်ပွဲတော်၌ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့် မဟာဗန္ဓုလပန်းခြံတို့တွင် လမ်း လျှောက်သင်္ကြန်ပွဲတော်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင်လည်း ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို တည်ဆောက်သွားမည့်အပြင် ခရိုင်အလိုက်ရေကစားမဏ္ဍပ်များ၊ ယိမ်းအကဖျော်ဖြေမှုများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


“မြို့တော်ခန်းမရှေ့က မဏ္ဍပ်ကတော့ ယဉ်ကျေးမှုထိန်းသိမ်းတာနဲ့ ယိမ်းပြိုင်ပွဲတွေ၊ ဘာတွေ ပါမှာပေါ့။ (၁၂)ဦး၊ (၁၆)ဦး၊ (၂ဝ)ဦး ယိမ်းတို့။ နောက်တစ်ခါ မူကြိုကလေးတွေ၊ အခြေခံပညာအဆင့်တွေ၊ တက္ကသိုလ်အဆင့်တွေရဲ့ ယိမ်းတွေပါမယ်” ဟု မြို့တော်ဝန်ဦးဗိုလ်ဌေးက ဆက်လက်ပြောသည်။


ယခုနှစ် ဧပြီလ၌ကျင်းပမည့် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများအနေဖြင့် လုံခြုံစွာရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနေဖြင့် စတင်ပြင်ဆင်လျက်ရှိနေသည်။

zawgyi version

ရန္ကုန္ၿမိဳ႕တြင္ သၾကၤန္မ႑ပ္မ်ားကို စတင္ေဆာက္လုပ္လ်က္ရွိၿပီး လမ္းေလွ်ာက္သၾကၤန္ကို ေနရာ(၂) ခု၌ ထည့္သြင္းက်င္းပမည္


မ်ိဳးႀကီး (NP News) - မတ္ ၁၉


ရန္ကုန္ၿမိဳ႕တြင္ သၾကၤန္မ႑ပ္မ်ားကို စတင္ေဆာက္လုပ္လ်က္ရွိၿပီး လမ္းေလွ်ာက္သၾကၤန္ကို ေနရာ(၂)ခု ၌ ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။


လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္ႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕တို႔တြင္ သၾကၤန္မ႑ပ္မ်ားကို စတင္ေဆာက္လုပ္လ်က္ရွိသည္။


ရန္ကုန္ၿမိဳ႕ ျပည္သူ႔ရင္ျပင္၌ ရန္ကုန္တိုင္းေဒသႀကီး မဟာသၾကၤန္ေရသဘင္ပြဲေတာ္ဗဟိုမ႑ပ္ကို တည္ ေဆာက္သြားမည္ျဖစ္ၿပီး တိုင္းအဆင့္ဌာနဆိုင္ရာမ်ား၏ ေရကစားမ႑ပ္မ်ား၊ ေဖ်ာ္ေျဖေရးမ႑ပ္မ်ားကိုလည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က ဆိုသည္။


“လမ္းေလွ်ာက္သၾကၤန္က (၂)ေနရာလုပ္မွာ။ ဗႏၶဳလပန္းၿခံေဘးမွာ တစ္ခု၊ ေနာက္တစ္ခါ ျပည္သူ႔ရင္ျပင္ထဲမွာ ေရပက္မ႑ပ္ေတြေရာ၊ လမ္းေလွ်ာက္သၾကၤန္ေရာ အဲဒီမွာလုပ္မွာ” ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးဗိုလ္ေဌးက NP News ကို ေျပာဆိုထားသည္။


မၾကာခင္က်င္းပမည့္ သၾကၤန္ပြဲေတာ္၌ ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္ႏွင့္ မဟာဗႏၶဳလပန္းၿခံတို႔တြင္ လမ္း ေလွ်ာက္သၾကၤန္ပြဲေတာ္မ်ားကိုလည္း ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။


ထို႔ျပင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္လည္း ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္ကို တည္ေဆာက္သြားမည့္အျပင္ ခ႐ိုင္အလိုက္ေရကစားမ႑ပ္မ်ား၊ ယိမ္းအကေဖ်ာ္ေျဖမႈမ်ားကိုလည္း ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။


“ၿမိဳ႕ေတာ္ခန္းမေရွ႕က မ႑ပ္ကေတာ့ ယဥ္ေက်းမႈထိန္းသိမ္းတာနဲ႔ ယိမ္းၿပိဳင္ပြဲေတြ၊ ဘာေတြ ပါမွာေပါ့။ (၁၂)ဦး၊ (၁၆)ဦး၊ (၂ဝ)ဦး ယိမ္းတို႔။ ေနာက္တစ္ခါ မူႀကိဳကေလးေတြ၊ အေျခခံပညာအဆင့္ေတြ၊ တကၠသိုလ္အဆင့္ေတြရဲ႕ ယိမ္းေတြပါမယ္” ဟု ၿမိဳ႕ေတာ္ဝန္ဦးဗိုလ္ေဌးက ဆက္လက္ေျပာသည္။


ယခုႏွစ္ ဧၿပီလ၌က်င္းပမည့္ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ကို ျပည္သူမ်ားအေနျဖင့္ လုံၿခဳံစြာေရကစားႏိုင္ေရးႏွင့္ စည္ကားသိုက္ၿမိဳက္စြာက်င္းပႏိုင္ေရးတို႔အတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေနျဖင့္ စတင္ျပင္ဆင္လ်က္ရွိေနသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချောင်းအတွင်း ကန်စွန်းရွက်ဆင်းခူးရာမှ ရေနစ်ခဲ့သည့် အမျိုးသား(၃)ရက်ကြာသည်အထိ မတွေ့သေး

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved